Posts

ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်သက်ဆိုင်သော အတိုကောက်စာလုံးများ A to Z

Image
AD Auto-disable (syringes or prefilled injection devices) AEFI Adverse Event Following Immunization AIDS Acquired immune-deficiency syndrome BCG Bacille Calmette-Guérin vaccine that protects against tuberculosis CRS Congenital rubella syndrome CTC Controlled temperature chain DOTS Directly observed treatment schedule for tuberculosis dT Diphtheria-tetanus toxoids vaccine with lower concentration of diphtheria toxoid DT Diphtheria-tetanus toxoids vaccine DTP A combination vaccine containing diphtheria, tetanus toxoid, and pertussis vaccines DTP+HepB A combination vaccine containing DTP and hepatitis  B vaccines DTP+HepB+Hib A combination vaccine containing DTP, HepB and  Haemophilus influenzae type b vaccines DTR Electronic temperature logger EPI Expanded Programme on Immunization GAPPD Integrated Global Action Plan for Pneumonia and  Diarrhoea HC Health centre HepB Hepatitis B Hib Haemophilus influenzae type b HIV Human immunodeficiency virus HPV Human papillomavirus ID Intradermal ILR...

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ၏ လက်ရှိအခြေအနေ

Image
မကူးစက်နိုင်သောရောဂါများ (NCDs) ဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့ ရောဂါ ကူးစက်ခြင်းကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင်ထိတွေ့ နေရခြင်းကြောင့် ဖြစ်ပေါ်လာသောရောဂါများကို ခေါ်ပါသည်၊ အဓိကမကူးစက်နိုင်သောရောဂါများ (Major NCDs) များမှာ - ၁။ သွေးတိုး (Hypertension) နှင့် နှလုံးသွေးကြောကျဉ်းရောဂါ  ၂။ ဆီးချိုသွေးချိုရောဂါ (Diabetes Mellitus-DM) ၃။ ကင်ဆာရောဂါ (Cancer) နှင့် ၄။ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Chronic Respiratory Disease-CRD) တို့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၂-ခုနှစ်အတွင်း ကောက်ယူရရှိသောကျန်းမာရေးစာရင်း ဇယားများအရ သေဆုံးရခြင်းအကြောင်းအရင်းများ၏ (၅၉)ရာခိုင်နှုန်းမှာ မကူးစက်နိုင်သော ရောဂါကြောင့်ဖြစ်ပြီး အဆိုပါသေဆုံးမှုများအနက် (၂၅) ရာခိုင်နှုန်းမှာ နှလုံးသွေးကြောရောဂါများ၊ (၁၁) ရာခိုင်နှုန်းမှာ ကင်ဆာရောဂါများ၊ (၉) ရာခိုင်နှုန်းမှာ နာတာရှည်အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများနှင့် (၃) ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါများကြောင့် ဖြစ်ပါသည်။ မကူးစက်နိုင် သောရောဂါကြောင့် သေဆုံးသူများ၏ (၅၄) ရာခိုင...

Duty of LHV

အမျိုးသမီးကျန်းမာရေးဆရာမ၏ တာဝန်နှင့်ဝတ္တရားများ (၁) မိသားစုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း။ (၂) မျိုးဆက်ပွားကျန်းမာရေးနှင့် အထွေထွေကျန်းမာရေးး ပညာပေးဖြန့်ဖြူးခြင်း။ (၃) ကာကွယ်ဆေးထိုးနှံခြင်း (၄) အဟာရဖွံ့ဖြိုးရေးခုပ်ငန်းဆောင်ရွက်ခြင်း (၅) ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ခြင်း (၆) ကူးစက်ရောဂါများကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်း (၇) ပါတ်ဝန်းကျင်သန်ံရှင်းရေးတိုးတက်မှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်း (၈) စီမံကိန်းဝင်ရောဂါများ တိုက်ဖျက်ရေးလုပ်ငန်းများတို့ကို ပါဝင်ဆောင်ရွက်ခြင်း (၉) ဖွားသေစာရင်းအင်းနှင့် ကျန်းမာရေးစာရင်းအင်းကောက်ယူခြင်း (၁၀) ကျေးရွာ မိခင်နှင့်ကလေးအသင်းနှင့် အခြားစေတနာ့ဝန်ထမ်းအသင်းအဖွဲ့များနှင့်         မိခင်နှင့်ကလေးများကျန်းမာရေးကိစ္စများကို ပူးတွဲပါဝင်ဆောင်ရွက်ခြင်း (၁၁) သားဖွားဆရာမ အရန်သားဖွားဆရာမများနှင့် စေတနာ့ဝန်ထမ်း         ကျန်းမာရေး လုပ်သားများအား စစ်ဆေးကြီးကြပ်ကွပ်ကဲခြင်း (၁၂) ထောက်ပံ့သောဆောဝါးပစ္စည်းများကို စနစ်တကျသိုလှောင်ခြင်း မှတ်တမ်းတင်ခြင်း      ...

Duty of HA

(HA) လက်ထောက်ကျန်းမာရေးမှူး၏ တာဝန်နှင့် ၀တ္တရားများ  (၁) အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး        - ကမဌာန/ခွဲများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြီးကြပ်အုပ်ချုပ်ခြင်း။         - နှီးနွယ်ဌာနများ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။        - ၀န်ထမ်းရေးရာကိစ္စရပ်များအား အထက်သို့တင်ပြ အစီရင်ခံ ကြီးကြပ်ကွပ်ကဲခြင်း။        - လစဉ်အစီရင်ခံစာများကို ပုံမှန်ပြည့်စုံစွာ ပေးပို့ခြင်း။        - ဖွားသေစာရင်းနှင့် ကျန်းမာရေးစာရင်းအင်းများကောက်ယူခြင်း။ (၂) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကာကွယ်ရေးလုပ်ငန်း         ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း မိခင်ကလေးနှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အဟာရဖွံ့ဖြိုးရေးလုပ်ငန်း ကျောင်းကျန်းမာရေးလုပ်ငန်း ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ၊ ရေကောင်းရေသန့်ရရှိရေးလုပ်ငန်း အစားအသောက် ကျန်းမာရေးနှင့်ညီညွတ်ရေးဘေးဥပါတ်ကင်းရှင်းရေးလုပ်ငန်း  ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း ရောဂါကာကွ...

WHO

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး(WHO)ကို 1948 ခုနှစ် April လ (၇)ရက်နေ့မှာ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။  ဒါကြောင့် April လ (၇) ရက်နေ့ကို နှစ်စဉ် ကမ္ဘာ့ ကျန်းမာရေးနေ့  အဖြစ် သပ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

Disaster Management

ဘေးအန္တရာယ်ဆိုသည်မှာ လူမှုအဖွဲ့အစည်း (သို့မဟုတ်) ဒေသတစ်ခုတွင် ပြင်ပ အကူအညီလိုအပ်သော ပျက်စီးဆုံးရှုံးမှု၊ စီးပွားရေးထိခိုက်မှု၊ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် ကျန်းမာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ယိုယွင်းလာမှုတို့ဖြစ်စေသောဖြစ်ရပ်ကို ဘေးအန္တရာယ်ဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဘေးအန္တရာယ် အမျိုးအစားများ ဘေးအန္တရာယ်များကို သဘာဝဘေးအန္တရာယ်၊ လူသားကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ နာရီပိုင်းသာကြာသော ဘေးအန္တရာယ်၊ လပိုင်းသာကြာသော ဘေးအန္တရာယ်၊ ရေရှည်ကြာသော ဘေးအန္တရာယ်ဟူ၍ ခွဲခြားထားပါသည်။  သဘာဝဘေးအန္တရာယ်များမှာ ဆိုင်ကလုန်း မုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ အစာရေစာခေါင်းပါးခြင်း စသည်တို့ဖြစ်ပါသည်။ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှာ မီးလောင်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ စစ်ပွဲများ၊ အဏုမြူ ဗုံးကြဲခြင်း စသည်တို့ဖြစ်ပါသည်။ မြေငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်း၊ ဆိုင်ကလုန်းနှင့် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခြင်းတို့သည် စက္ကန့်အနည်းငယ်မှ နာရီပိုင်းအထိသာ ကြာမြင့်ပါသည်။ မိုးခေါင်ခြောက်သွေ့ခြင်း...

ကျွန်တော့ရဲ့ မှတ်စုများ

SARS, H1N1, COVID-19 အစရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေက အရွယ်အစားကြီးတဲ့ ဗိုင်းရပ်စ်တွေဖြစ်တာကြောင့် လေထဲကနေ ပျံ့နှံ့ပြီးမကူးစက်ပါဘူး........ (ရှိတော့ရှိတယ် ရှားတယ်) ရောဂါပိုးရှိသူ နှာချေချောင်းဆိုးတဲ့အခါ ...... ကိုရိုနာ ဗိုင်းရပ်စ်တွေပါဝင်တဲ့ အမှုန်အမွှားလေးတွေဟာ သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရွယ်မျိုးစုံဖြစ်နိုင်တယ်။ (တချို့က ၅ မိုက်ခရွန်ထက်ကြီးပြီး တချို့က ၅ မိုက်ခရွန်ထက်သေးမယ်) ၅ မိုက်ခရွန်ထက်ကြီးတဲ့ အမှုန်တွေဟာ သုံးပေလောက်အထိ လွင့်စင်နိုင်ပြီး ဘေးမှာရှိတဲ့ အရာဝတ္ထုတွေအပေါ် ကျသွားမယ်။  ၅ မိုက်ခရွန်ထက်ငယ်တာတွေက လေထဲမှာ  ၆ ပေလောက် လွင့်နိုင်ပြီး ဘေးမှာရှိတဲ့ လူကို တိုက်ရိုက်ရောက်သွားနိုင်တယ်။ ဝက်သက်လို ရောဂါတွေမှာတော့  အမှုန်သေးသေးထွက်လို့  လေဟုန်စီးပြီး  တခြားတစ်ယောက်ကို တိုက်ရိုက်ကူးတယ်။ ကိုရိုနာ ဗိုင်းရပ်စ်တွေက..... အမှုန်အမွှားအဖြစ် အရာဝတ္တု ပေါ်ကျပြီးမှ လက်နဲ့ကိုင်တွယ်မိလို့ လက်ကနေတဆင့် ကူးစက်တာပါ..... Public Setting မှာ ......... ကိုရိုနာဗိုင်းရပ်စ်တွေဟာ droplets infection နဲ့ ကူးတာများတယ် လေထဲ ဝဲသွားတဲ့ airborne နဲ့ ကူးနိုင်ခြေနည်းတယ်။ ဒါကြောင့် Mask ကို...