ကျွန်တော့ရဲ့ မှတ်စုများ
SARS, H1N1, COVID-19 အစရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေက အရွယ်အစားကြီးတဲ့ ဗိုင်းရပ်စ်တွေဖြစ်တာကြောင့် လေထဲကနေ ပျံ့နှံ့ပြီးမကူးစက်ပါဘူး........
(ရှိတော့ရှိတယ် ရှားတယ်)
ရောဂါပိုးရှိသူ နှာချေချောင်းဆိုးတဲ့အခါ ......
ကိုရိုနာ ဗိုင်းရပ်စ်တွေပါဝင်တဲ့
အမှုန်အမွှားလေးတွေဟာ သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရွယ်မျိုးစုံဖြစ်နိုင်တယ်။ (တချို့က ၅ မိုက်ခရွန်ထက်ကြီးပြီး တချို့က ၅ မိုက်ခရွန်ထက်သေးမယ်)
၅ မိုက်ခရွန်ထက်ကြီးတဲ့ အမှုန်တွေဟာ သုံးပေလောက်အထိ လွင့်စင်နိုင်ပြီး ဘေးမှာရှိတဲ့ အရာဝတ္ထုတွေအပေါ် ကျသွားမယ်။ ၅ မိုက်ခရွန်ထက်ငယ်တာတွေက လေထဲမှာ ၆ ပေလောက် လွင့်နိုင်ပြီး ဘေးမှာရှိတဲ့ လူကို တိုက်ရိုက်ရောက်သွားနိုင်တယ်။
ဝက်သက်လို ရောဂါတွေမှာတော့ အမှုန်သေးသေးထွက်လို့ လေဟုန်စီးပြီး တခြားတစ်ယောက်ကို တိုက်ရိုက်ကူးတယ်။
ကိုရိုနာ ဗိုင်းရပ်စ်တွေက.....
အမှုန်အမွှားအဖြစ် အရာဝတ္တု ပေါ်ကျပြီးမှ လက်နဲ့ကိုင်တွယ်မိလို့
လက်ကနေတဆင့် ကူးစက်တာပါ.....
Public Setting မှာ .........
ကိုရိုနာဗိုင်းရပ်စ်တွေဟာ
droplets infection နဲ့ ကူးတာများတယ်
လေထဲ ဝဲသွားတဲ့ airborne နဲ့ ကူးနိုင်ခြေနည်းတယ်။
ဒါကြောင့် Mask ကို တပ်ဆင်တာထက်
လက်ကို သေချာဆေးကြောတာက
ပိုပြီး သဘာဝကျကျကာကွယ်နိုင်ပါတယ်......
#ZawLinAung
Comments
Post a Comment