Duty of HA
(HA) လက်ထောက်ကျန်းမာရေးမှူး၏ တာဝန်နှင့် ၀တ္တရားများ
(၁) အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး
- ကမဌာန/ခွဲများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြီးကြပ်အုပ်ချုပ်ခြင်း။
- နှီးနွယ်ဌာနများ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- ၀န်ထမ်းရေးရာကိစ္စရပ်များအား အထက်သို့တင်ပြ အစီရင်ခံ ကြီးကြပ်ကွပ်ကဲခြင်း။
- လစဉ်အစီရင်ခံစာများကို ပုံမှန်ပြည့်စုံစွာ ပေးပို့ခြင်း။
- ဖွားသေစာရင်းနှင့် ကျန်းမာရေးစာရင်းအင်းများကောက်ယူခြင်း။
(၂) ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကာကွယ်ရေးလုပ်ငန်း
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
မိခင်ကလေးနှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
အဟာရဖွံ့ဖြိုးရေးလုပ်ငန်း
ကျောင်းကျန်းမာရေးလုပ်ငန်း
ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ၊ ရေကောင်းရေသန့်ရရှိရေးလုပ်ငန်း
အစားအသောက် ကျန်းမာရေးနှင့်ညီညွတ်ရေးဘေးဥပါတ်ကင်းရှင်းရေးလုပ်ငန်း
ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း
ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း
ကူးစက်ရောဂါများကာကွယ်ခြင်း ၊ နှိမ်နှင်းခြင်း ၊ စောင့်ကြပ်ထောက်လှမ်းခြင်း
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်တုန့်ပြန်ဆောင်ရွက်မှုများစီမံခန့်ခွဲခြင်းနှင့် ပြင်ဆင်ခြင်း
အထူးရောဂါစီမံကိန်းများ အကောင်အထည်ဖေါ်ခြင်းနှင့် ပူးတွဲဆောင်ရွက်ခြင်း
(အနာကြီးရောဂါ ၊ ရောဂါပိုးမွှားသယ်ဆောင်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်း (VBDC) ၊ တီဘီရောဂါ ၊ HIV / AIDS နှင့် ကာလသားရောဂါ ၊ မျက်ခမ်းစပ် နှင့် မျက်မမြင်ရောဂါ -----)
သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
လေနှင့်ရေထု ညစ်ညမ်းမှု ကာကွယ်ရေးလုပ်ငန်း
ပွဲလမ်းသဘင်များကျန်းမာရေးစောင့်ရှောက်မှုစီမံချက် ရေးဆွဲဆောင်ရွက်ခြင်း
(၃) ဆေးကုသခြင်း
Comments
Post a Comment