လက်ထောက်ကျန်းမာရေးမှူးများ၏ သမိုင်းကြောင်း၊ ရာထူးအခွင့်အလမ်းနှင့် လက်ရှိအခြေအနေများ။
HATS (Health Assistant Training School)
ကျန်းမာရေးမှူးသင်တန်းကျောင်း
၁၉၅၁ မှာ စဖွင့်တယ်။
တစ်နှစ်ကို လူဦးရေ ၅၀ ခေါ်တယ်။
သင်တန်းဆင်းတဲ့အခါ RHA (Regular Health Assistant Certificate)ပေးတယ်။
၁၉၈၆ လောက်မှာ ကျောက်ထိုးဆရာတွေကို ရာထူးတိုးခေါ်တယ်။ (ကျောက်ထိုးဆရာတွေကို ရာထူးတိုးခေါ်တာပါ။ ကျောက်ထိုးက ကျနော်တို့ မမွေးခင်ကတည်းက ရှိပြီးသားပါ)
၁၉၉၀/၉၁ လောက်မှာ ကြီးကြပ်(၂) ပုံမှန် သင်တန်းဝင်ခွင့်ခေါ်တယ်။
ဘက်စုံကျောက်ထိုးရာထူးနဲ့ ခန့်ခဲ့တဲ့လူတွေအတွက် ဘက်စုံကျောက်ထိုးဆရာဆိုတဲ့ ရာထူးဟာ ဘာမှမထူးပေမယ့်
ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)ဆိုတဲ့ သင်တန်းဆင်းပြီးမှ ဘက်စုံကျောက်ထိုးရာထူးနဲ့ ခန့်တယ်။ ကျောက်ထိုးရာထူး လစာကိုပဲ ပေးတယ်။
လုပ်သက် (၂)နှစ်ပြည့်မှသာ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)ရာထူးနဲ့ လစာကို တိုးပေးပါတယ်။
အမှန်က ......
ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းရင် ကြီးကြပ်(၂)ရာထူးနဲ့ ခန့်ရမှာပါ။
(ကျောက်ထိုးဆရာဖြစ်သင်တန်းတက်ထားတာမှမဟုတ်တာ)
သပ်မှတ်ချက် ပြည့်မှီရင် ကြီးကြပ်(၂)ရာထူးမှ ကြီးကြပ်(၁)သင်တန်းဝင်ခွင့် ရာထူးတိုးသင်တန်းတွေခေါ်တယ်။
ကြီးကြပ်(၁) ရာထူးကနေ
CHA (Condense Health Assistant) ရာထူးတိုးသင်တန်းခေါ်တယ်။
ပြီးတော့ သားဖွားဆရာမ ရာထူးကနေ အမျိုးသမီးကျန်းမာရေးဆရာမ ရာထူး အဲဒီကတစ်ဆင့် CHA (Condense Health Assistant) ရာထူးတိုးသင်တန်းခေါ်တယ်။(သင်တန်းကာလ တစ်နှစ်ပါ။) သင်တန်းပြီးရင်
CHA Certificate ပေးပါတယ်။
RHA ရော CHA ရော သင်တန်းဆင်းပြီး(အများဆုံး တစ်နှစ်လောက်အထိ စောင့်ရတယ်) လက်ထောက်ကျန်းမာရေးမှူးရာထူးနဲ့ အလုပ်ခန့်စာပို့တယ်။
*(IOCH) Institute of Community Health ဆိုတဲ့အမည်နဲ့ ၁၉၉၆ နိုဝင်ဘာမှာ အမည်ပေးခဲ့ပြီး ဒီဇင်ဘာလမှာ ကျောင်းသားအရေးအခင်းကြောင့် အကန့်အသတ်မရှိ ကျောင်းပိတ်ခဲ့ပြီး ၁၉၉၉ ဇန်နဝါရီမှာ ပြန်ဖွင့်ခဲ့ပါတယ်။
IOCH မှာ ဆယ်တန်းအောင်ပြီး အမှတ်ဖြင့် ကန့်သတ်ပြီး လေးနှစ်သင်တန်းခေါ်ခဲ့ပါတယ်။
(တိုက်နယ်ဆေးရုံတွေမှာ တိုက်နယ်ဆရာဝန်နေရာတွေမှာ အစားထိုးဖို့ ခေါ်တာလို့ ပြောခဲ့တယ်)
(B . Comm . H) 1st Batch တွေက အစမ်းသပ်ခံတွေပေါ့။
RHA Certificate ရပြီး လုပ်သက် (၂) နှစ်ရှိသူတွေကို (B . Comm . H) ဘွဲ့အတွက် (၂) နှစ်သင်တန်းခေါ်ပါသေးတယ်။ အောင်ဆန်းကျောင်းမှာခေါ်တာပါ။ သင်တန်းတက်ရောက်သူ ၁၄ ဦးခန့်သာ ရှိပါတယ်။ (B . Comm . H) ဘွဲ့ရပြီးရင် ဘာရာထူးပေးမှာလဲ မေးကြည့်တော့ လက်ထောက်ကျန်းမာရေးမှူးပဲ ဖြစ်မှာလို့ သိရပါတယ်။
အဲဒီနောက် In service ထဲက (B . Comm . H) ဘွဲရဖို့ သင်တန်းတက်သူ မရှိသလောက်ဖြစ်သွားပါတော့တယ်။
၂၀၀၀ ပြည့်နှစ်တွင် အခြေခံကျန်းမာရေးတက္ကသိုလ် / လူထုကျန်းမာရေး တက္ကသိုလ် (မကွေး)
University of Community Health, Magway အမည်ဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ပြောင်းရွေ့ခဲ့သည်။
တစ်နှစ်လျှင် သင်တန်းသား ၁၅၀ မှ ၂၀၀ အထိ နှစ်စဉ်ခေါ်ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ HA1 ရာထူးတွေ စတင်ခန့်ထားခဲ့ပါတယ်။
မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)လို့ ခေါ်ခဲ့ပါတယ်။
HA လုပ်သက် (၇)နှစ်ပြည့်ပြီးသူတွေကို ရာထူးတိုးခေါ်တာပါ။
HA1 လုပ်သက် (၃)နှစ်ပြည့်ရင် THA (Township Health Assistant) ရာထူးခေါ်ပါတယ်။
မြို့နယ်ကျန်းမာရေးမှူးလို့ခေါ်ပါတယ် (Assistant ဆိုတာကြီး ပါနေတုန်း)
UCH ကျောင်းတော်ကြီးကနေ
(B . Comm . H) ဘွဲ့ပေးပြီးနောက်ပိုင်း
လက်ထောက်ကျန်းမာရေးမှူးရာထူးနဲ့ အလုပ်ခန့်ပါတယ်။(ဝင်ခွင့်ဖြေစရာမလိုပါ)
နောက်ပိုင်းမှာ (B . Comm . H) ဘွဲ့ရပြီး အလုပ်ခန့်ဖို့အတွက် ကြန့်ကြာနေခဲ့ပါတယ်။ တိုက်နယ်ဆေးရုံတွေမှာ ခန့်မယ်ဆိုတဲ့အစီအစဉ်ကလဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပါတော့တယ်။
(B . Comm . H) ဘွဲ့ရပြီး လက်ထောက်ကျန်းမာရေးမှူး အလုပ်ဝင်ခွင့်ရဖို့
(၇)နှစ်လောက် စောင့်ရတာတွေရှိလာပါတယ်။ အဲဒါကိုဖြေရှင်းဖို့ ကျေးလက်ကျန်းမာရေးဌာနတွေ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်ထဲမှာ In Service HA1 တွေကို ဦးစီးအရာရှိအမည်နဲ့ ရာထူးတိုးခေါ်ပါတယ်။ အလုပ်ဝင်ရမယ့်နေရာက Campaign တွေမှာလို့ သိရပါတယ်။
(B . Comm . H) ဘွဲ့ရပြီးသူတွေကို မာစတာဘွဲ့ ပေးဖို့အတွက် မကွေးမှာပဲ ဆက်တက်စေပြီး (M . Comm . H) ဘွဲ့ပေးဖို့ စီစဉ်တာကို HA အများစုက MPH တက်ရောက်ခွင့်တောင်းပါတယ်။ MPH ဘွဲ့ရပြီးရင် ဘာဖြစ်မှာလဲ မသိပေမယ့် ဆရာဝန် မဖြစ်နိုင်တာတော့ သေချာပါတယ်။
ဒီနှစ်ထဲမှာပဲ (B . Comm . H) ဘွဲ့ရပြီးသူတွေကို လက်ထောက်ကျန်းမာရေးမှူးရာထူး (၃၀၀)နေရာခေါ်မယ်လို့ သတင်းစာကနေကြေငြာပါတယ်။
အလုပ်ဝင်ခွင့်လျှောက်ထားသူ (၆၅)ဦးရှိပြီး လာရောက်ဖြေဆိုသူ (၅၇)ဦးသာ ရှိခဲ့ပါတယ်။
လက်ထောက်ကျန်းမာရေးမှူးရာထူးကနေ တက်လမ်းတွေက အားရစရာမရှိလို့သာ လက်ထောက်ကျန်းမာရေးမှူးရာထူး အလုပ်ဝင်မယ့် (B . Comm . H) ဘွဲ့ရထားသူ ဦးရေ နည်းပါးခြင်းဖြစ်မည်ဟု ထင်မြင်ယူဆမိကြောင်း ရေးသားဖေါ်ပြအပ်ပါသည်။
အဲဒါတွေက ကျနော် မှတ်မိသလောက်နဲ့ ကျွန်တော့် ယူဆချက်များသာဖြစ်ပါသည်။
(လွဲမှားနေရင် ထောက်ပြစေလိုပါတယ်)
#ZawLinAung
Comments
Post a Comment