Posts

Showing posts from May, 2020

လက်ထောက်ကျန်းမာရေးမှူးများ၏ သမိုင်းကြောင်း၊ ရာထူးအခွင့်အလမ်းနှင့် လက်ရှိအခြေ‌အနေများ။

HATS (Health Assistant Training School)  ကျန်းမာရေးမှူးသင်တန်းကျောင်း ၁၉၅၁ မှာ စဖွင့်တယ်။ တစ်နှစ်ကို လူဦးရေ ၅၀ ခေါ်တယ်။ သင်တန်းဆင်းတဲ့အခါ RHA (Regular Health Assistant Certificate)ပေးတယ်။ ၁၉၈၆ လောက်မှာ ကျောက်ထိုးဆရာတွေကို ရာထူးတိုးခေါ်တယ်။ (ကျောက်ထိုးဆရာတွေကို ရာထူးတိုးခေါ်တာပါ။ ကျောက်ထိုးက ကျနော်တို့ မမွေးခင်ကတည်းက ရှိပြီးသားပါ) ၁၉၉၀/၉၁ လောက်မှာ ကြီးကြပ်(၂) ပုံမှန် သင်တန်းဝင်ခွင့်ခေါ်တယ်။ ဘက်စုံကျောက်ထိုးရာထူးနဲ့ ခန့်ခဲ့တဲ့လူတွေအတွက် ဘက်စုံကျောက်ထိုးဆရာဆိုတဲ့ ရာထူးဟာ ဘာမှမထူးပေမယ့်  ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)ဆိုတဲ့ သင်တန်းဆင်းပြီးမှ ဘက်စုံကျောက်ထိုးရာထူးနဲ့ ခန့်တယ်။ ကျောက်ထိုးရာထူး လစာကိုပဲ ပေးတယ်။ လုပ်သက် (၂)နှစ်ပြည့်မှသာ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)ရာထူးနဲ့ လစာကို တိုးပေးပါတယ်။  အမှန်က ...... ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းရင် ကြီးကြပ်(၂)ရာထူးနဲ့ ခန့်ရမှာပါ။ (ကျောက်ထိုးဆရာဖြစ်သင်တန်းတက်ထားတာမှမဟုတ်တာ) သပ်မှတ်ချက် ပြည့်မှီရင် ကြီးကြပ်(၂)ရာထူးမှ ကြီးကြပ်(၁)သင်တန်းဝင်ခွင့် ရာထူးတိုးသင်တန်းတွေခေါ်တယ်။ ကြီးကြပ်(၁) ရာထူးကနေ  CHA (Condense Health Assistant) ရာ...

Disinfection Formula (ပိုးသတ် သန့်စင်ခြင်း တွက်ချက်နည်း)

Image

COVID –19 ကူးစက်မှုမြင့်မားသော အခြေအနေများ (Risk factors)

COVID –19 ကူးစက်မှုမြင့်မားသော အခြေအနေများ (Risk factors) ✍️ ရောဂါရှိသူနှင့် (၁၅မိနစ်)နှင့်အထက် (၃ပေ)အတွင်း မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံခြင်း။ ✍️ ရောဂါပိုးရှိသူနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်း။ ✍️ ရောဂါပိုးရှိသူ၏ တံတွေး၊ သလိပ်၊ နှာရည်များကို အကာအကွယ်မဲ့ ကိုင်တွယ်ထိတွေ့မိခြင်း။ ✍️ ရောဂါပိုးရှိသူနှင့် အခန်းတစ်ခန်းထဲတွင် (၁၅မိနစ်)ကြာအောင် အတူနေထိုင်မိခြင်း။ ✍️ ရောဂါပိုးရှိသူနှင့် အလုံပိတ်အဲယားကွန်းအခန်းထဲတွင် အတူနေထိုင်သူများအားလုံး။( ဥပမာ- ကား၊ လေယာဉ်ပျံ) ✍️ သတ်မှတ်ထားသော ကာကွယ်ရေးဝတ်စုံကို မဝတ်ဘဲ ရောဂါပိုးရှိသူကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဓာတ်ခွဲနမူနာယူခြင်း၊ စစ်ဆေးခြင်း။ Refrance Myanmar CDC

အဝတ်အစားတွေ ဆံပင်တွေမှာ ဗိုင်းရပ်စ်တွေ ကပ်တွယ်နေနိုင်သလား၊ အိမ်ပြန်ရောက်တိုင်း အဝတ်လဲ ရေချိုးဖို့ လိုသလား?

အဝတ်အစားတွေ ဆံပင်တွေမှာ ဗိုင်းရပ်စ်တွေ ကပ်တွယ်နေနိုင်သလား၊ အိမ်ပြန်ရောက်တိုင်း အဝတ်လဲ ရေချိုးဖို့ လိုသလား? ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူအများ သိရှိစေရန် သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေ၊ အစိုးရတွေက ဆောင်ရန်။ရှောင်ရန် အရေးကြီးကိစ္စများကို သတိပေးထုတ်ပြန်ထားတယ်ဆိုပေမယ့်လည်း စိုးရိမ်ပူပန်နေတဲ့ ပြည်သူအများစုအနေနဲ့ မရှင်းမလင်းဖြစ်နေတဲ့ ကိစ္စတွေဆိုတာ ရှိနေတုန်းပါပဲ။ အပြင်က ပြန်လာရင် လက်ကို စက္ကန့် ၂၀ လောက်ကြာအောင် လက်ဆေးကြောရုံနဲ့ ကိစ္စပြီးသလား ဆိုတာဟာ အားလုံး စိတ်ဝင်စားတဲ့ကိစ္စပါ။  ဖိနပ်တွေ၊ အင်္ကျီတွေ၊ ပုဆိုးတွေ၊ ထဘီတွေ၊ ဘောင်းဘီ၊ စကတ်၊ ဂါဝန်စတဲ့ အဝတ်အထည်တွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကပ်နေနိုင်သလား။ ဆံပင်မှာရော ကိုဗစ်ဗိုင်းရပ်စ်ကပ်နေနိုင်သလား၊ သတင်းစာဂျာနယ် စတဲ့ စက္ကူတွေမှာရော ကပ်နေနိုင်သလားဆိုတာဟာ အားလုံးသိချင်တဲ့ ကိစ္စတွေဆိုရင် မမှားပါဘူး။ Stay Home ကာလ၊ Lockdown ကာလတွေမှာ အကြောင်းမရှိ အကြောင်းရှာ အပြင်ထွက်တဲ့သူမရှိ သလောက်ဆိုပေမယ့် ရပ်ကွက်ထဲက စတိုးဆိုင်တို့၊ မီနီမတ်တို့၊ ဈေးတို့၊ ဆေးဆိုင်တို့ စတဲ့နေရာတွေကို မဖြစ်မနေသွားကြရတာမျိုးတော့ အိမ်တိုင်းမှာ ရှိကြပါတယ်။  အဲလိုအပြင်ထွ...