Primary Health Care
ပဏာမကျန်းမာရေးစောင့်ရှောက်မှု
(Primary Health Care)
ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ မရှိမဖြစ်လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး လက်တွေ့လည်းကျ လူမှုရေးအရလက်ခံနိုင်ပြီး သိပ္ပံနည်းကျသည့်နည်းလမ်းများ အစီအမံများ နည်းပညာများကိုအခြေခံသောလုပ်ငန်းဖြစ်သည်။
ယင်းလုပ်ငန်းကိုအကောင်အထည်ဖော်ရာတွင် လူထုမှအပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်နှင့် တစ်ရပ်လုံးမှလက်လှမ်းမှီရယူခံစားစေရန်ဖြစ်သည်။
ကုန်ကျမည့် စရိတ်စကများအတွက် နိုင်ငံတိုင်း လူအဖွဲ့အစည်းတိုင်းသည် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ဖြင့် မိမိတို့လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံပြီး ကျခံနိုင်သမျှ ဓနအင်အားပေါ်တွင် အခြေခံ၍ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းသည် နိုင်ငံတော်၏ လူမှုရေး စီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်လည်း တစ်သားတည်းရှိနေရမည်။
ပဏာမကျန်းမာရေးစောင့်ရှောက်မှု (Primary Health Care)PHC ဆိုသည်မှာ လူတစ်ဦးချင်းကိုဖြစ်စေ မိသားစုကိုဖြစ်စေ လူထုတစ်ရပ်လုံးကိုဖြစ်စေ သူတို့နေထိုင်ရာ အလုပ်လုပ်ကိုင်ရာသ်ို့အရောက် လက်လှမ်းမှီ လွယ်ကူစွာ ထိတွေ့စောင့်ရှောက်မှုပေးသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်ကြီး၏ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ပဏာမရှေးဦးလုပ်ငန်းတစ်ရပ်ဖြစ်သည်။
Comments
Post a Comment