Posts

Showing posts from April, 2020

"သွေးလွန်​တုပ်​​ကွေး​ရောဂါ ဖြစ်​ပွားလာနိုင်​ခြေ တွက်ချက်နည်း"

"သွေးလွန်​တုပ်​​ကွေး​ရောဂါ ဖြစ်​ပွားလာနိုင်​ခြေ တွက်ချက်နည်း" မိမိမြို့နယ်​အတွင်​ ​သွေးလွန်​တုပ်​​ကွေး​ရောဂါ ဖြစ်​ပွားမှု မျများနိုင်သည့် ​ကျေးရွာ ရပ်​ကွက်​များကို Larva survey ပြုလုပ်​ပြီး ကြိုတင်​ခန့်မှန်းတွက်ချက် (ဖေါ်ထုတ်တွက်ချက်)၍ ကာကွယ်​နှိမ်​နင်းရေးလုပ်ငန်းများ ကြိုတင်​​ဆောင်​ရွက်​ပါက ​ရောဂါဖြစ်​ပွားမှုကို ​လျော့ချနိုင်​ပါသည်​။  "ခန့်မှန်းတွက်ချက်ရန် အညွှန်းကိန်းများမှာ"  HI = House Index  CI = Container Index  BI = Breteau Index  "တွက်နည်း"  HI = House Index (ပိုးတွေ့အိမ်ခြေနှုန်း)  ပိုးတွေ့အိမ်ခြေနှုန်း = ပိုးတွေ့အိမ်ခြေပေါင်း/စစ်​​ဆစစ်ဆေးအိမ်ခြေပေါင်း X ၁၀၀  CI = Container Index(ပိုး​တွေ့ အိုးခွက်နှုန်း)  ပိုး​တွေ့ အိုးခွက်​= ပိုး​တွေ့ အိုအိုးခွက်ပေါင်း/စစ်​​ဆေးသည့်အိုးခွက်ပေါင်း X ၁၀၀  BI = Breteau Index(အိမ်​​ခြေ တစ်ရတစ်ရာတွင်ပိုးတွေ့နှုန်း)  အိမ်​​ခြေ တစ်ရာတွင်ပိုးတွေ့နှုန်း= ပိုး​တွေ့ အိုအိုးခွက်ပေါင်း/စစ်စစ်ဆေးသည့် အိမ်​​ခြေ​ပေါင်း X ၁၀၀  "ခန့်မှန်းတွက်ချက််၍ ရရှိလာ​သော အညွှန်းကိန်းများကို ကြည့်ပြီး သွေးလွန်​တုပ်...

Abate ​ဆေးခပ်ခြင်း

Abate ​ဆေးခပ်ခြင်း Abate ခန့်မှန်းအလေးချိန်များ (အနီးစပ်​ဆုံး) လ္ဘက်စားဇွန်း = 5 g ထမင်းစားဇွန်း = 25 g နို့ဆီဗူး = 500 g ​ရေဂါလန်တွက်နည်း လေးထောင့်ရေကန် (ဂါလန်​)= အလျား(ပေ)X အနံ (ပေ)X အမြင့် (ပေ) X ၆.၂၅ ကျောက်စည်အ၀ိုင်း (ဂါလန်​)=   5  X အချင်း(ပေ)x အချင်း(ပေ)x အမြင့် (ပေ) ​​ရေကန်​​တွင်​ Abate ​ဆေဆေးခပ်ခြင်း(ဥပမာ) ၁၀ ဂါလန်​ = Abate (5 g)လ္ဘက်စားဇွန်း တစ်ဇွန်း *​ရေတစ်ပေပါတွင် ဂါလန်​ (၅၀)  ဂါလန်​ (၅၀) = Abate (25 g) (သို့မဟြတ်) ထမင်းစားဇွန်း တစ်ဇွန်း ဂါလန်​ (၅၀၀) = Abate (250 g) ထမင်းစားဇွန်း (၁၀)ဇွန်း /နို့ဆီဗူး တစ်​၀က်​ ဂါလန်​ (၁၀၀၀) = Abate (500 g) နို့ဆီဗူး တစ်​ဗူး #ZawLinAung

Principles of Primary Health Care

ပဏာမကျန်းမာရေးစောင့်ရေးစောင့်ရှောက်မှု၏အခြေခံမူများ (Principles of Primary Health Care) ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် နိုင်ငံအသီးသီးသည် အောက်ဖော်ပြပါ အခြေခံမူ (၅)ရပ်ပေါ် အခြေခံ၍ ဆောင်ရွက်သွားကြရန် မူများ ချမှတ်ပေးထားပါသည်။ (၁)  ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အခွင့်အရေးများကို လူအားလုံးအတွက် တပြေးညီ မျှတစွာ လက်လှမ်းမှီရရှိခံစားစေခြင်း။ (Equitable distribution) (၂)  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် လူထုပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း။ (Community Participation) (၃)  ကြိုတင်ကာကွယ်ရေးနှင့်မြှင့်တင်ရေးကို ကုသရေးထက် ပိုမိုအလေးထားဆောင်ရွက်ခြင်း။ (Prevention than treatment) (၄)  ဆီလျော်သောနည်းပညာများကိုအသုံးချခြင်း။ (Use of appropriate technology) (၅)  ကျန်းမာရေးနှင့်ဆက်နွယ်မှုရှိသော အခြားဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း။ (Intersectorial collaboration)

Primary Health Care

ပဏာမကျန်းမာရေးစောင့်ရှောက်မှု  (Primary Health Care) ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ မရှိမဖြစ်လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး လက်တွေ့လည်းကျ လူမှုရေးအရလက်ခံနိုင်ပြီး သိပ္ပံနည်းကျသည့်နည်းလမ်းများ အစီအမံများ နည်းပညာများကိုအခြေခံသောလုပ်ငန်းဖြစ်သည်။  ယင်းလုပ်ငန်းကိုအကောင်အထည်ဖော်ရာတွင် လူထုမှအပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်နှင့် တစ်ရပ်လုံးမှလက်လှမ်းမှီရယူခံစားစေရန်ဖြစ်သည်။  ကုန်ကျမည့် စရိတ်စကများအတွက် နိုင်ငံတိုင်း လူအဖွဲ့အစည်းတိုင်းသည် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ဖြင့် မိမိတို့လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံပြီး ကျခံနိုင်သမျှ ဓနအင်အားပေါ်တွင် အခြေခံ၍ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းသည် နိုင်ငံတော်၏ လူမှုရေး စီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်လည်း တစ်သားတည်းရှိနေရမည်။   ပဏာမကျန်းမာရေးစောင့်ရှောက်မှု (Primary Health Care)PHC ဆိုသည်မှာ လူတစ်ဦးချင်းကိုဖြစ်စေ မိသားစုကိုဖြစ်စေ လူထုတစ်ရပ်လုံးကိုဖြစ်စေ သူတို့နေထိုင်ရာ အလုပ်လုပ်ကိုင်ရာသ်ို့အရောက် လက်လှမ်းမှီ လွယ်ကူစွာ ထိတွေ့စောင့်ရှောက်မှုပေးသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ...