ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း
(မက်စင်ဂျာမှာ လာမေးလို့ ဖြေပေးခဲ့တာပါ)
ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာဆိုသည်မှာ အဘယ်နည်း။
ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာတစ်လုံးတွင် ပါဝင်သင့်သည့် အစိတ် အပိုင်းများကို ဖော်ပြပါ။
ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာတွင် ရှိရမည့် လုံ(၃)လုံ ကိုဖော်ပြပါ။ (၁၀-မှတ်) ၊
သန့်ရှင်းသောသောက်သုံးရေတွင် ရှိရမည့် အချက်(၄)ချက်ကို ဖော်ပြပါ။
ရောဂါပိုးပါသည့်ရေကို သောက်သုံးပါက ဖြစ်နိုင်သည့် ရောဂါ(၆)မျိုးကို ဖော်ပြပါ။ (၁၀-မှတ်) ၊
အဖြေ
xxxxxxxx
ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာဆိုသည်မှာ လုံသုံးလုံနှင့် ပြည့်စုံသော အိမ်သာဖြစ်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာတစ်လုံးတွင် ပါဝင်သင့်သည့် အစိတ် အပိုင်းများမှာ
အိမ်သာအဆောက်အဦး
အိမ်သာခွက်
အိမ်သာခွက်အဖုံး
အိမ်သာကျင်း
အ်ိမ်သာကျင်းအကာအရံ
ဖို့မြေနှင့် အိမ်သာကျင်းအဖုံး
ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာတွင် ရှိရမည့် လုံ(၃)လုံမှာ
"အနံ့ လုံ၊အရှက် လုံ၊ ယင်လုံ"
(အိမ်သာဆောက်လျှင် ရေထွက်ပင်ရင်းနှင့် အနည်းဆုံး ပေ၅၀ အကွာမှာဆောက်ရမည်။)
သန့်ရှင်းသော သောက်သုံးရေသည် ........
၁။ အနည် အမှုန် ကင်းရသည်။
၂။ အရောင် အဆင်း၊ အနံ့ အရသာ ကင်းရသည်။
၃။ ကျန်းမာရေး ထိခိုက်စေသော ပိုးများကင်းရမည်။
၄။ ဓာတ်သတ္တုများ ကင်းရမည်။
ရောဂါပိုးပါသည့်ရေကိုသောက်သုံးခြင်းကြောင့် ဖြစ်ပွားသော ရောဂါများမှာ
၁။ဝမ်းပျက်ဝမ်းလျှောရောဂါ
၂။ဝမ်းကိုက်ရောဂ်
၃။အသည်းရောင်
၄။Rotavirus
၅။Typhoid fever
၆။Salmonella
#ZawLinAung
Comments
Post a Comment