ဝက်သက်ရောဂါ၏ ဆိုးကျိုးများ
measles complications
ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားသော ကလေးများတွင် အဖြစ်များသော လက္ခဏာများမှာ နားပြည်ယိုခြင်းနှင့် ဝမ်းလျှောဝမ်းပျက်ခြင်းဖြစ်သည်။
*နားပြည်ယိုသူ ၁၀ ဦးတွင် ၁ ဦး ရာသက်ပန် နားထိုင်းနိုင်သည်။
၁။ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားသော ကလေး ၂၀ တွင် တစ်ဦး အဆုပ်ရောင်ဝေဒနာ ခံစားရသည်။
(ဝက်သက်ရောဂါကြောင့် သေဆုံးသူအများစုသည် အဆုပ်ရောင်ခြင်းကြောင့်ဖြစ်သည်)
၂။ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားသော ကလေး ၁၀၀၀ တွင် တစ်ဦး ဦးဏှောက်ရောင်ရောဂါ ခံစားရသည်။ (အကြောဆွဲခြင်း၊ နားလေးခြင်း၊ ဥာဏ်ထိုင်းခြင်းတို့ ဖြစ်နိုင်သည်။)
၃။ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားသော ကလေး ၁၀၀၀ တွင် တစ်ဦးမှ နှစ်ဦးအထိ သေဆုံးနိုင်သည်။
မှတ်ချက်
ကိုယ်ဝန်ဆောင်များတွင် ဝက်သက်ရောဂါ ဖြစ်ပွားလျှင် လမပြည့်ခင် မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးမွေးဖွားခြင်းတို့ ဖြစ်နိုင်သည်။
Ref: Google
#ZawLinAung
Comments
Post a Comment