"တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း သမိုင်းမှတ်တိုင်များ"
၁၉၇၈ ခုနှစ်
ကာကွယ်ဆေးထိုးလုပ်ငန်း စတင်ခဲ့ အဲဒီအချိန်က BCG,DTP နဲ့ TT ကာကွယ်ဆေး သုံးမျိုးနဲ့ စတင် ထိုးနှံခဲ့သည်။
၁၉၈၇ ခုနှစ်
OPV နဲ့ Measles ထည့်သွင်းထိုးနှံပေးခဲ့သည်။
၁၉၉၀ ခုနှစ်
EPI မှ UCI ဟု အမည်ပြောင်းလဲခဲ့သည်။
၁၉၉၈ ခုနှစ်
သွားလာရန် ခက်ခဲသောနေရာများတွင်
Crash programme ဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း စတင် ဆောင်ရွက်ခဲ့သည်။
၁၉၉၉ မှ ၂၀၁၄ အထိ
အစုလိုက် မေးခိုင်ကာကွယ်ဆေးထိုးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။
၂၀၀၁ မှ ၂၀၁၅ ခုနှစ်အထိ
အမျိုးသားကာကွယ်ဆေးတိုက်နေ့များ ဆောင်ရွက်ခဲ့သည်။
၂၀၀၂ မှ ၂၀၁၅ ခုနှစ်အထိ
အစုလိုက် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
၂၀၀၃ ခုနှစ်
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အသည်းရောင် ဘီပိုး ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခဲ့သည်။
၂၀၁၂ ခုနှစ်
ကလေးအသက် ၁၈ လ မှ ၂၄ လ အတွင်း ဝက်သက်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထည့်သွင်းထိုးနှံပေးခဲ့သည်။
၂၀၁၅ ခုနှစ်
PCV ကာကွယ်ဆေး စတင် အသုံးပြု ခဲ့သည်။
MR(Measles+Rubella) ကာကွယ်ဆေး စတင် အသုံးပြု ခဲ့သည်။
၂၀၁၆ ခုနှစ်
IPV ကာကွယ်ဆေး စတင် အသုံးပြု ခဲ့သည်။
tOPV မှ bOPV
trivalent to bivalent ပိုလီယို (အစက်ချ) ကာကွယ်ဆေး စတင် အသုံးပြု ခဲ့သည်။
ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။
၂၀၁၈ ခုနှစ်
JE ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည် ဆက်လက်၍ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင့် ထည့်သွင်းဆောင်ရွက်စေခဲ့သည်။
#ZawLinAung
Comments
Post a Comment