"ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး"

"ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး"

ကိုယ်ဝန်ရှိပါ က စောစောပြရန်

ကိုယ်ဝန်ရှိနေတယ်လို့သိသိခြင်း အစောဆုံးစောင့်ရှောက်မှု ကိုခံယူသင့်ပါတယ်။

ရက်ချိန်းများမှန်⁠မှန်သွားရန်

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ကိုယ်ဝန် စောင့်ရှောက်မှု ကို အနည်းဆုံး (၄) ကြိမ်ရသင့်ပါတယ်။

ပထမအကြိမ် - ကိုယ်ဝန် (၄) လမတိုင်မှီ

ဒုတိယအကြိမ် - (၆-၇) လကိုယ်ဝန်

တတိယအကြိမ် - (၈) လကိုယ်ဝန်

စတုတ္ထအကြိမ် - (၉) လကိုယ်ဝန်

တကယ်လို့ လိုအပ်တာတွေရှိလာရင်တော့ ကိုယ်ဝန် စောင့်ရှောက်ပေးသူရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။

ကိုယ်ဝန် စောင့်ရှောက်မှု ကို ဘယ်သူ့ဆီကယူသင့်ပါသလဲ

လုံခြုံစိတ်ချရသော မိခင်ဘဝရရှိစေရေးအတွက် စနစ်တကျ စောင့်ရှောက်မှု ပေးနှိုင်တဲ့ ဆရာဝန်၊ သူနာပြု နှင့် သားဖွားဆရာမများနှင့် ကိုယ်ဝန်ကိုအပ်ပြီး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။

ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှာ ဘာတွေလုပ်ပေးနေပါသလဲ

မိခင်၏ရောဂါရာဇဝင်၊ မွေးဖွားမှုနှင့်ဆိုင်တဲ့ရာဇဝင် တွေယူပြီး ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားပါတယ်။ ဒီမှတ်တမ်းက ကိုယ်ဝန်ဆောင်နေစဉ်ကာလတလျှောက်လုံး နဲ့ မီးဖွားတဲ့အချိန်မှာလိုအပ်တဲ့ စောင့်ရှောက်မှုတွေအတွက် အထောက်အကူပြုနိုင်ပါတယ်။

အထွေထွေစမ်းသပ်စစ်ဆေးခြင်း နှင့် ဗိုက်စမ်းသပ်ခြင်းများပြုလုပ်ပေးခြင်း

ဆီးချိုကိုယ်ဝန်ဆိတ်တက်နိုင်တဲ့အခြေအနေတွေ ရှိ၊ မရှိ သိရှိနိုင် ရန် ဆီးစစ်ရပါမည်။ ဒါမှ လိုအပ်သလို ဆက်လက်စစ်ဆေးခြင်း ကုသခြင်းများပြုလုပ် နိုင်မည်ဖြစ်သည်။

ကာလသားရောဂါစစ်ဆေးခြင်း

ကာလသားရောဂါ ရှိ မရှိ စစ်ဆေးရန် အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ရောဂါရှိခဲ့ပါက မိခင်မှတဆင့် ဗိုက်ထဲမှကလေးအား ကူးဆက်နိုင်ပါသောကြောင့် မိမိခင်မွန်းနှင့်အတူတူ ဆေးကုသမှူ စောစောခံယူထားပါက ကလေးကိုရောဂါမကူးအောင်ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

HIV ပိုးစစ်ဆေးခြင်း

ဆွေးနွေးတိုင်ပင်ပြီး HIV ပိုး ရှိ၊ မရှိ စစ်ဆေးခံယူနိုင်ပါတယ်။ ပိုးရှိခဲ့ပါက မိခင်မှတဆင့်ကလေးကို မကူးအောင် ကြို တင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

သွေးအားနည်းရောဂါ ရှိ၊ မရှိ စစ်ဆေးကုသဖို့လည်းလိုအပ်ပါတယ်။

သံဓာတ်ပါသောအားဆေးများ တိုက်ကျွေးသင့်ပါတယ်။

မေးခိုင်ကာကွယ်ဆေး (၂) ကြိမ်ထိုးရပါမည်။ သို့မှသာ မိခင်ရောကလေးပါ မေးခိုင်ရောဂါ မှကာကွယ် ပြီးသားဖြစ်မည်။

မွေးဖွားတဲ့အခါမှာ မိခင်ရောကလေးပါ ကျန်းမာဖို့အတွက် ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတတွေ ကြိုတင်ပြင်ဆင်စရာတွေ ကို ပညာရှင်များနှင့် ဆွေးနွေးသင့်ပါသည်။

ဆောင်စရာ၊ ရှောင်စရာများ

တစ်ကိုယ် ရေသန့်ရှင်းရေး ကိုဂရုစိုက်ရမည်။

အာဟာရ ဖြစ်စေမည့် အစားအစာ များစားသုံးပေးရမည်။

လုံလောက်အောင် အိပ်စက်အနားယူရမည်။

မျှတသော ကိုယ်လက်လှုပ်ရှားမှု လုပ်ရမည်။

မွေးဖွားရန်အတွက် ကြိုတင်ပြင်ဆင်ထားရမည်။

ပင်ပန်းသော အလုပ်များရှောင်ရမည်။

ဆေးလိပ်၊ အရက် ရှောင်ရမည်။

ဆရာဝန်၊ ဆရာမ ညွှန်ကြားချက်မရှိဘဲ ဆေးမသောက်သင့်ပါ။

ခင်ပွန်း နှင့် မိသားစုက ဘယ်လိုကူညီပေးနိုင်သလဲ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူ ရန်သွားသောအခါ အတူလိုက်ပါပေး နိုင် ပြီး ၊ အိမ်တာဝန်အပါအဝင် လိုအပ်သည်များကို ကူညီပေးရပါမည်။ မွေးဖွား ရန် နှင့် အခြေအနေများအတွက် အတူတူပြင်ဆင်ကြရပါမည်။ ဥပမာ အားဖြင့် ငွေကြို စုထားခြင်း ၊ အရေးပေါ်ဗိုက်နာပါက ဆေးရုံချက်ချင်းသွားနိုင်ရန် လိုအပ်သည့် ပစ္စည်းများ၊ သွားလာရေး စသည်တို့ ကို ကြိုတင်ပြင်ဆင်ထားရှိခြင်း တို့ဖြစ်ပါသည်။

ရပ်ရွာဝန်းကျင်၏အခန်းကဏ္ဍ

မိခင်နှင့် မွေးလာမည့်ကလေး၏ကျန်းမာရေးမှာ ရပ်ရွာ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးတာကြောင့်

ဆေးရုံ ဆေးခန်းသွားလာရေး ချောမွေ့လွယ်ကူစေရန် ကူညီပေးခြင်း။

ငွေကြေးအကူအညီ ထောက်ပံ့နိုင်ခြင်း။

အရေးပေါ်သွေးလိုအပ်ပါက ရပ်ရွာထဲမှသွေးအလှူ ရှင်များမှ လှူ ပေးနိုင်ခြင်း။

အန္တရာယ်ဖြစ်စေနိုင်သော အယူလွဲများ ၊ အပြုအမူမှားများကို ဝိုင်းဝန်းဖယ်ရှားပေးခြင်း ဖြင့်ကူညီနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက နည်းစပ်ရာဆေးရုံ ဆေးခန်းကို အမြန် သွားရန်လိုပါသည်။

သွေးဆင်းလျှင်

ရေဆင်းလျှင်

မခံမရပ်နိုင်အောင် ဗိုက်ဆက်တိုက်နာလျှင်

ဝမ်းဗိုက်၊ လက် နှင့် မျက်နှာများ ဖောရောင်နေလျှင်

ခေါင်းအလွန်ကိုက်လျှင်

မျက်စိပြာ၊ အလွန်အော့အန်နေလျှင်

ဖျားလျှင်

ကလေးအလှုပ်နည်းလျှင်

Ref:Wiki

Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

Duty of LHV