အနာကြီးရောဂါတိုက်ဖျက်ရေးစီမံချက်

ရောဂါအမည်သပ်မှတ်ခြင်း
(Diagnosis of Leprosy)

အနာကြီးရောဂါဟုသတ်မှတ်ရန် လိုအပ်သောအဓိက
လက္ခဏာများ

*အရေပြားပေါ်တွင် ကွက်၍ အရောင်ဖျော့နေခြင်း၊ နီမြန်းနေခြင်းဖြစ်ပြီး ထိ၊ နာ၊ ပြု၊ အေးမသိဘဲ ထုံနေခြင်း။
*အာရုံကြောပျက်စီးသည့် လက္ခဏာဖြစ်သော ထိ၊ နာ၊ ပူ၊ အေးမသိခြင်း၊ ခြေ၊ လက်၊ မျက်နှာရှိ ကြွက်သားများ အားနည်းခြင်း၊
လှုပ်ရှားမရခြင်းနှင့် အာရုံကြောကြီးခြင်း။
*အရေပြားအကွက်မှ အသားခြစ်စမ်းသပ်ရာတွင် ပိုးတွေ့ခြင်း။

အထက်ပါ(၃)ချက်အနက် အနည်းဆုံး(၁)ချက်ရှိပါက
အနာကြီးရောဂါဟု သတ်မှတ်ရမည်။

ရောဂါအမျိုးအစား ခွဲခြားခြင်း
(Classification of Leprosy)

PB (Paucibacillary)
• ထုံသောအကွက်(၁)ကွက်မှ (၅)ကွက်အထိ
• အာရုံကြော(၁)ချောင်းသာ ကြီးနေခြင်း
• အသားခြစ်ပိုးစစ်ဆေးရာတွင် ပိုးမတွေ့ရှိခြင်း

MB (Multibacillary)
• ထုံသောအကွက် (၅)ကွက်အထက်ရှိနေခြင်း
• အာရုံကြော(၁)ချောင်းထက် ပို၍ကြီးနေခြင်း
• အသားခြစ်ပိုးစစ်ဆေးရာတွင် ပိုးတွေ့ရှိခြင်း

(၁၆-၁၀) ဆေးကုသပျက်ကွက်လူနာပေါင်း (Absentee) ဆိုသည်မှာ
အစီရင်ခံသည့်လအတွင်း MDT ဆေးကုသခံရန် ပျက်ကွက်သော
လူနာကို ဆိုလိုပါသည်။
(၁၆-၁၁) လကုန်လက်ကျန် မှတ်ပုံတင်အနာကြီးရောဂါလူနာပေါင်း
ဆိုသည်မှာ အစီရင်ခံသည့်လ၏ လဆန်းလက်ကျန်လူနာတွင်
အဝင်လူနာ (လူနာသစ် + အခြားနည်းဝင်)များကို ထည့်ပေါင်း၍
အထက်လူနာ (စံချိန်ပြည့်ရပ်နား သူ + အခြားနည်းထွက်)များကို
နုတ်ပြီး ကျန်လူနာ စာရင်းကို ဆိုလိုပါသည်။

Defaulter case ဆိုတာကတော့

*PB လူနာအတွက် (၃) လနှင့် အထက် ဆေးစားပျက်ကွက်လျှင် Defaulter case ဟုသပ်မှတ်သည်။

*MB လူနာအတွက် (၆) လနှင့် အထက် ဆေးစားပျက်ကွက်လျှင် Defaulter case ဟုသပ်မှတ်သည်။

Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

အကြီးဆုံး သဲကန္တာရ