၂၄ နာရီ(တစ်ရက်)အတွင်း သေစေနိုင်သော ရောဂါများ

(၁) လေဖြတ်ခြင်း

ဦးနှောက်တွင်း သွေးကြောတွေ ပိတ်ဆို့ရာကနေ ဦးနှောက်တွင်းကို အောက်ဆီဂျင် မရောက်ရှိတော့တာကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်လာတာဖြစ်ပြီး ဆိုးရွားပြင်းထန်တဲ့ လေဖြတ်ရောဂါတွေဟာ ၂ နာရီအတွင်း အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။

(၂) ငှက်ဖျားရောဂါ

ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါဟာဆိုရင်လည်း ၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါတွေထဲက တခုပဲဖြစ်ပါတယ်။ ငှက်ဖျားပိုးဟာ အောက်ဆီဂျင်ပို့ဆောင်ပေးတဲ့ သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် သေစေနိုင်တာ ဖြစ်ပါတယ်။

(၃) သွေးလန့်ခြင်း

Toxic Shock Syndrome လို့ ခေါ်တဲ့ သွေးလန့်ခြင်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါပဲဖြစ်ပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပုံမှန် လဲလှယ်ခြင်း မရှိတာမျိုးနဲ့ Tampon တွေကနေတဆင့် ပိုးဝင်ပြီး သေဆုံးနိုင်တဲ့ ရောဂါတမျိုးပဲဖြစ်ပါတယ်။

(၄) အပြင်းဖျားခြင်း

တုပ်ကွေးကြောင့် အပြင်းအထန်ဖျားနာပြီး သေဆုံးမှုတွေဟာ လက်ရှိအချိန်ထိ မြင့်တက်နေဆဲ ဖြစ်တာကြောင့် ရိုးရိုးသာမန် အဖျားလောက်ပဲဆိုပြီး ပေါ့ဆ မနေသင့်ပါဘူး။

(၅) ရုတ်တရက် နှလုံးရပ်ခြင်း

နှလုံးရောဂါရှိသူတွေမှ မဟုတ်ဘဲ ရိုးရိုးသာမန်လူတွေမှာလည်း ရုတ်တရက် နှလုံးခုန်ရပ်ခြင်း (Heart Attack) ဖြစ်နိုင်တာကြောင့် နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးသင့်သလို နှလုံးရောဂါရှိသူတွေအနေနဲ့လည်း သတိထားသင့်ပါတယ်။

(၆) ဝမ်းရောဂါ

မသန့်ရှင်းတဲ့ အစားအသောက်တွေနဲ့ ရေကြောင့်ဖြစ်တဲ့ ဝမ်းရောဂါဟာဆိုရင်လည်း ရောဂါ ပြင်းထန်လွန်းရင် နာရီပိုင်းအတွင်း သေဆုံးနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။

Ref : www.tuko.co.ke
Credit Irrawaddy life style

Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

Duty of LHV