Chikungunya Virus ချီကန်ဂန်းညား (မြန်မာအခေါ် ဆင်တုပ်ကွေးရောဂါ)
Chikungunya Virus
ချီကန်ဂန်းညား (မြန်မာအခေါ် ဆင်တုပ်ကွေးရောဂါ)
ရောဂါပိုးရှိသော ခြင်ကိုက်ခံရပြီး ၃ ရက်မှ ၇ ရက်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။
Aedes ခြင်ကိုက်ခြင်းကြောင့်ဖြစ်သည်။
အဖြစ်များသော ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်းနှင့် အရိုးအဆစ်ရောင်ရမ်းခြင်းဖြစ်သည်။
အခြား လက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အစ်အမြစ်ရောင်ရမ်းခြင်း၊ အနီကွက်ထွက် အနီစက်များထွက်ခြင်း
သေဆုံးခြင်း မဖြစ်နိုင်သောလည်း ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရစေပါသည်။
လူနာအများစုမှာ ရက်သတ္တပတ်အတွင်း ပြန်လည်ကောင်းမွန်သွားသည်။
အချို့မှာ လနှင့်ချီပြီး ဝေဒနာ ခံစားရပါသည်။
ကလေးငယ်များနှင့် အသက် ၆၅ အထက် လူကြီးများတွင် ရောဂါ ကူးစက်ခံရပါက ပိုမို ပြင်းထန်လေ့ရှိသည်။
သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါရှိသူများတွင်လည်း ရောဂါကူးစက်ခံရပါက ပြင်းထန်စွာ ခံစားရပါသည်။
တစ်ကြိမ်ရောဂါ ဖြစ်ပွားပြီးပါက ရောဂါကိုခုခံနိုင်စွမ်းအား (immunity) ရရှိသည်။ တစ်သက်လုံး ဆင်တုပ်ကွေးရောဂါ ပြန်မဖြစ်တော့ပါ။
#ZawLinAung
Comments
Post a Comment