ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ

ယနေ့ခေတ်တွင် အသက် ငါးနှစ်အောက် ကလေးအများစုတွင် ဖြစ်ပွားသော   ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် (Rota virus) ကြောင့် အများဆုံးဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၈၁.၁% ရှိပါသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ကာလဝမ်း ရောဂါပိုး (Vibrio Cholerae) ကဲ့သို့သော ရောဂါပိုးများ ပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေသည်။
မကြာမီ ထပ်တိုးလာမည့် ကာကွယ်ဆေးသည် (Rota virus) ဖြစ်ပါသည်။

• ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန့်ပစ်လိုက်သော မစင်တွင် ပါဝင်သည်။
• ဝမ်းလျှောရောဂါ ပြင်းထန်သောအခါ ခန္ဓာကိုယ်အတွင်းမှ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာ ကုန်ခမ်းသွားသောကြောင့် အရည်ခမ်းခြောက်ခြင်းကို ဖြစ်စေသည်။
• ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသမှုခံယူခြင်းမရှိက အသက်ဆုံးရှုံးနိုင်သည်။
ကူးစက်နိုင်သည့် နည်းလမ်းများ
• မသန့်ရှင်းသော ရေကို သောက်သုံးမိခြင်း
• အိမ်သာတက်ပြီး လက်မဆေးခြင်း
• ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှုအားနည်းခြင်း
• အစားမစားမီ လက်ကိုစင်ကြယ်စွာမဆေးခြင်း
• ယင်နားစာများနှင့် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်း
• တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း
• ပတ်ဝန်းကျင် သန့်ရှင်းမှုနည်းပါးခြင်း/မရှိခြင်း
• တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း

ရောဂါလက္ခဏာများ
• အရည်ဝမ်းသွားခြင်း
• အော့အန်ခြင်း
• ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားများလျင်မြန်စွာ ဆုံးရှုံး၍ အားအင် ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားပြီး အသက် သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ပြင်းထန်သောလက္ခဏာရှိက အသက်ဆုံးရှုံးမှုမှ ကာကွယ်ရန် ရောဂါဖြစ်ပွားလျှင် ဖြစ်ပွားချင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ကုသမှုခံယူပါ။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်

• ရေကို ကျိုချက်၍သော်လည်းကောင်း၊ ကလိုရင်းဆေးခပ်၍သော်လည်းကောင်း အသုံးပြုပါ။
• အစားအစာများကို ယင်မနားစေရန် ဖုံးအုပ်ထားပါ။
• အစားအစာများကို ပူပူနွေးနွေးစားပါ။
• မှိုတက်နေသော အစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်။
• သန့်ရှင်းသော ယင်လုံအိမ်သာများ ဆောက်လုပ်အသုံးပြုပါ။
• အစာမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
• လူနာ၏ အဝတ်အစားများကို သောက်သုံးရေကန်များအနီးတွင် မလျှော်ဖွပ်ရ။
(ဆေးရုံတက်လူနာများ ဆေးရုံတွင်သာ သီးသန့်လျှော်ဖွပ်ပါ။)
• ကလေးငယ်များ၏ မစင်ကိုလည်း ယင်မနားအောင် စနစ်တကျ စွန့်ပစ်ပါ။
• အစားအစာများကို မကိုင်မီ၊ အစားအစာများကို မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။
• ဝမ်းပျက်ဝမ်းလျှောပြင်းထန်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသပါ။ ဓာတ်ဆားရည်သောက်ပါ

ဝမ်းပျက်ဝမ်းလျှောရောဂါသည်……….
သဘာဝဘေးအန္တရာယ်ကျရောက်ပြီးစအချိန်......
မိုးဦးကျပြီး ရေကြီး ရေလျှံချိန်.......
ရေရှားပါးချိန်တွေ အဖြစ်များပါတယ်.....

ဝမ်းပျက်ဝမ်းလျှောရောဂါသည်……….
အစာလမ်းကြောင်းကတစ်ဆင့် ကူးစက်ပါတယ်
သန့်လေးသန့် (သို့မဟုတ်) သန့်ငါးသန့်မူဝါဒကို လူတိုင်းက လိုက်နာကျင့်သုံးကြမယ်ဆိုလျှင် ရောဂါကူးစက်ဖြစ်ပွားမှုများကို အတော်အသင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

သန့်လေးသန့်(သို့)သန့်ငါးသန့် ဆိုသည်မှာ
(ယ္ခင်က သန့်လေးသန့်)
၁။ အစားအစာသန့်ရှင်းခြင်း
၂။ ရေသန့်ရှင်းခြင်း
၃။ လက်သန့်ရှင်းခြင်းနှင့်
၎။ အိမ်သာသန့်ရှင်းခြင်း
၅။ ပတ်ဝန်းကျင်သန့်ရှင်းခြင်း

Prevention is better than cure တဲ့.........
ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်လာမှ ကုသမှုခံယူခြင်းထက် ပိုကောင်းသည် ဆိုတဲ့ စကားပုံထဲကလို………

ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြည်သူလူထုအားလုံးက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#ZawLinAung


Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

Duty of LHV