BHS တို့အတွက် DHF
ခြင်ဆေးမှုတ်တာတွေ ခေတ်စားနေလို့ သိသလောက် မှတ်မိသလောက် ပြောပါရစေ
ခြင်ဆေးမှုတ်ခြင်းသည် ဆေးအာနိသင် တစ်နာရီခန့်သာရှိသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိသောအိမ်နှင့် မီတာ ၁၀၀ (ပေ ၃၀၀ ခန့်)အတွင်းရှိ အိမ်များကိုသာ ဆေးမှုတ်ပေးသည်။
အိမ်ထဲတွင် ပိတ်လှောင်နေသောခြင်ကိုသာ သေစေနိုင်သည်။
လတ်တလော ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်ရန် ရည်ရွယ်ပြီးဆောင်ရွက်သော လုပ်ငန်းဖြစ်သည်။
ပိုးလောက်လန်းကို မသေစေနိုင်ပါ။
သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းဖြစ်သည်။(၁၁-ချက်ရှိသည်)
*ဆေးမှုတ်ခြင်း (fogging)သည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့်ကာလမှလွဲ၍ဆောင်ရွက်ရန် မသင့်ပါ*
#ZawLinAung
Comments
Post a Comment