Vibirio cholera

ကာလဝမ်းရောဂါနှင့် ပတ်သက်၍ သိထားသင့်သော အချက်အလက်များ

ကူးစက်ရောဂါဖြစ်သည့် ကာလဝမ်းရောဂါကြောင့် ဝမ်းလျှော ပြီး ရေဓာတ်ခန်းခြောက်နိုင်သည်။

Vibirio Cholera ဟု ခေါ်သော ဗက်တီးရီးယားပါဝင်သည့် သောက်ရေ (သို့မဟုတ်) အစားအစာများ စားမိခြင်းကြောင့် ကာလ ဝမ်းရောဂါဖြစ်နိုင်ပြီး မကောင်းမွန်သော ရေဆိုးထုတ်စနစ်များ၊ လူ ထူထပ်သောနေရာများ၊ စစ်ပွဲများနှင့် အငတ်ဘေးစိုက်သောနေရာ ဒေသများတွင် ယင်းရောဂါအများဆုံးဖြစ်ပွားသည်။

ယင်းရောဂါပိုးဝင်ရောက်ပြီး ၁၂ နာရီမှ ငါးရက်အတွင်း ရောဂါ လက္ခဏာများ ပြလေ့ရှိသည်။ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုမ ကောင်းခြင်း၊ အများသုံးရေညစ်ညမ်းနေခြင်း၊ ရေဆိုးထုတ်စနစ်များ မကောင်းခြင်း၊ ညစ်ညမ်းသောရေကိုသုံးခြင်း (သို့မဟုတ်) ရေထဲ တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းတို့ကြောင့် ယင်းရောဂါဖြစ် နိုင်သည်။

ရောဂါရှိသူ၏ မစင်မှတစ်ဆင့်လည်း ယင်းရောဂါကူးစက်နိုင် သည်။ ကျက်အောင်မချက်ထားသော (သို့မဟုတ်) ပင်လယ်စာ အစိမ်းစားခြင်းကြောင့်လည်း ကာလဝမ်းရောဂါဖြစ်နိုင်ခြေ မြင့်မား သည်။

ဟင်းသီးဟင်းရွက် အစိမ်းများ၊ အခွံမခွာထားသောအသီးများ စားခြင်းကြောင့် ယင်းရောဂါဖြစ်နိုင်သည်။ ဝမ်းလျှောခြင်း၊ အော့ အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသားအရေတင်းခြင်း၊အသား အရေအပြာရောင်သန်းလာခြင်း၊ ခံတွင်းနှင့်လည်ချောင်း ခြောက် သွေ့ခြင်း၊ သွေးပေါင်ကျခြင်း၊ ရေငတ်ခြင်း၊ ကြွက်သားများ နာကျင် ခြင်း၊ ဆီးသွားသည့်အကြိမ်လျော့သွားခြင်း၊ ကလေးများတွင် လေ သင်တုန်းဖြတ်ခြင်းစသော လက္ခဏာများသည် ကာလဝမ်းရောဂါ၏ လက္ခဏာများဖြစ်သည်။

သောက်ရေနှင့်သုံးရေကို သန့်စင်သောရေနှင့် ကြိုချက်ထား သောရေဖြင့် သုံးရန်လိုပြီး သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကိုအခွံ မခွာဘဲစားခြင်း ရှောင်ရှားကာ ပိုးမသတ်ရသေးသော နို့ထွက်ကုန် များကို ရှောင်ရှားသင့်သည်။ ကောင်းစွာမကျက်သော ပင်လယ်စာ စားသုံးမှုကို ရှောင်ရှားသင့်သည်။

သန့်သန့်ရှင်းရှင်း နေထိုင်စားသောက်ခြင်းဖြင့် ကာလဝမ်း ရောဂါကို ကြိုတင်ကာကွယ်နိုင်ပြီး ရေဓာတ်ပြန်ဖြည့်သောနည်းလမ်း ဖြင့် ကုသနိုင်သည်။

—Ref:MNT


Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

Duty of LHV