Primary Health Care
“ပဏာမကျန်းမာရေး စောင့်ရှောက်မှု" ဆိုသည်မှာ မရှိမဖြစ် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပြီး လက်တွေ့လည်းကျ၊ သိပံနည်းလည်းကျကာ လူမှုရေးအရ လက်ခံ နိုင်သည့် နည်းပညာရပ်များကိုအခြေခံပါသည်။
ထို့ပြင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ လူတစ်ဦးခြင်း ကိုဖြစ်စေ၊ မိသားစု တစ်ခုခြင်းကိုဖြစ်စေ၊ လူထုတစ်ရပ်လုံးကို ဖြစ်စေ လွယ်ကူစွာ လက်လှမ်းမီစွာ ရရှိနိုင်ရန်ဖြစ်ပြီး ပြည်သူလူထုက ကိုယ်တိုင်ပါဝင်ဆုံးဖြတ်ပြီး မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်သော ကျန်းမာရေးစောင့်ရှောက်မှု ပင်ဖြစ်ပါ သည်။
ဆိုလိုသည်မှာ
ကျန်းမာရေးဝန်ထမ်းက အသိပညာပေးပြီး ပြည်သူက ကိုယ်တိုင်ပါဝင်ရသောကျန်းမာရေး စောင့်ရှောက်မှု သာဖြစ်ပါသည်။
ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုတွင် လုပ်ငန်းစဉ် (၈)ရပ်ပါဝင်ပြီး-
(၁) အဖြစ်များသည့် ကျန်းမာရေးပြဿနာများနှင့် ၄င်းတို့ကို ကာကွယ်ထိန်းသိမ်းသည့် နည်းလမ်းများ အကြောင်း ပညာပေးခြင်း။
(၂) အာဟာရ မြှင့်တင်ပေးခြင်း။
သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း။
(၄) သားဆက်ခြားခြင်းလုပ်ငန်းအပါအ၀င်မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း။
(၅) ကာကွယ်ဆေးထိုးခြင်း။
(၆) ဒေသအလိုက် ဖြစ်လေ့ရှိသော ရောဂါများမှာ ကာကွယ်ထိန်းသိမ်းခြင်း။
(၇) အဖြစ်များသည့် သာမန်ရောဂါများနှင့် ထိခိုက်မှုများအတွက် သင့်လျော်သော ကုသမှုပေးခြင်း။
(၈) အမှန်တကယ်လိုအပ်သော အဓိကဆေးဝါးများ ထောက်ပံ့ခြင်း။
#ZawLinAung
Comments
Post a Comment