Diabetes Mellitus
"ဆီးချိုရောဂါ အကြောင်း"
ဆီးချိုရောဂါသည် သွေးတွင်းသကြားဓာတ် ကြာရှည် ရှိနေသောဇီဝဖြစ်စဉ်မမှန်သော လက္ခဏာစု တစုဖြစ်ပါတယ်။ ရောဂါလက္ခဏာများမှာ မကြာခဏဆီးသွားခြင်း, ရေငတ်ခြင်းနှင့်ငတ်မွတ်မှုများပါဝင်သည်။
Types of Diabetes Mellitus ဆီးချိုရောဂါအမျိုးအစားများ
ဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး အဓိကအားဖြင့် အုပ်စုသုံးမျိုးရှိသည်
ဆီးချိုရောဂါ အမျိုးအစား (၁)
ဆီးချိုရောဂါ အမျိုးအစား (၂)
ကိုယ်ဝန်ဆောင် ကာလတွင်ဖြစ်တတ်သော ဆီးချိုရောဂါတို့ ဖြစ်သည်။
ဆီးချိုရောဂါ အားလုံးတွင် တူညီသောအချက်မှာ ခန္ဓာကိုယ်ရှိ ဆဲလ်များတွင် သကြားဓာတ်များလာခြင်းဖြစ်သည်။ သွေးထဲတွင် သကြားဓာတ်များနေခြင်းက ကျောက်ကပ် နှလုံး မျက်စေ့ နှင့် အာရုံကြော စနစ်များရှိ သွေကြောများ ပျက်စီးစေသည် ။ ဆီးချိုရောဂါကို မကုသပဲထားပါက နှလုံးရောဂါ လေဖြတ်ခြင်း ကျောက်ကပ်ရောဂါ မျက်စေ့ကွယ်ခြင်း ခြေထောက်ရှိ အာရုံကြောများ စသည်တို့ ပျက်စီးခြင်းဖြစ်မည်။
Type 1 Diabetes ဆီးချိုရောဂါ အမျိုးအစား (၁)
ဆီးချိုရောဂါ အမျိုးအစား (၁) သည် အင်ဆူလင်မှီပြီး (IDDM) ဖြစ်လာသည် ရုတ်တရက်ဖြစ်ပေါ်သည် အဘယ်ကြောင့် ဆိုသော် ကလေးဘ၀တွင်လည်း ဆီးချိုရောဂါ အမျိုးအစား (၁) ဖြစ်နိုင်သည် ဆီးချိုရောဂါ အမျိုးအစား (၁)ကြောင့် ကိုယ်ခံအားစနစ်ပြောင်းလဲခြင်းဖြစ်မည် ပန်ကရိယ ပျက်စီးစေသည် ပန်ကရိယ ပျက်စီးလျှင် အင်ဆူလင်မထုတ်နိုင်တော့ပါ။
ဆီးချိုရောဂါ အမျိုးအစား (၁) ကုသခြင်း
အင်ဆူလင်ထိုးပေးရန်လိုအပ်သည် ဆီးချိုအတက်အကျ စစ်ဆေးရန်လိုအပ်သည် ။
နေထိုင်ပုံ အလေ့အထ ပြုပြင်ပြောင်းလဲရန် လိုအပ်သည် ။
Type 2 Diabetes ဆီးချိုရောဂါ အမျိုးအစား (၂)
အဖြစ်များဆုံး ဆီးချိုရောဂါ အမျိုးအစားဖြစ်သည်။
ဆီးချိုရောဂါဖြစ်ပွားမှုအားလုံး၏ ၉၅ % သည် ဆီးချိုရောဂါ အမျိုးအစား (၂) ဖြစ်သည်။ အသက်အရွယ်ကြီးသူ အ၀လွန်သူ (ကလေးမှာလဲ အ၀လွန်ရင်ဖြစ်နိုင်) တို့ ဖြစ်ပွားသော ရောဂါဖြစ်သည်။ အင်ဆူလင်ကြောင့်မဟုတ်သော ဆီးချိုရောဂါ ဖြစ်သည်။(NIDDM) မကူးစက်သော ရောဂါဖြစ်သလို ကျန်းမာရေး ပြသနာများအနက် အဓိကရောဂါဖြစ်သည်။ နှလုံးရောဂါ လေဖြတ်ခြင်း တို့ အဖြစ်များသော အမျိုးအစားဖြစ်သည်။
ဆီးချိုရောဂါ အမျိုးအစား (၂) တွင် ခန္ဓာကိုယ်မှ အင်ဆူလင် ထုတ်နိုင်သည် သို့သော် မလုံလောက်ပါ အ၀လွန်သူ ၂၀% တို့သည် ဆီးချိုရောဂါ အမျိုးအစား (၂) ဖြစ်သည်။ ဆီးချိုရောဂါ အမျိုးအစား (၂) ကို မကုသပဲ ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်း လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း အဟာရမျှတအောင်စားခြင်း တို့ လုပ်ဆောင်နိုင်သော်လည်း ကုသမှုခံယူရန်လိုအပ်သည်။ သွေးထဲတွင် သကြားဓာတ်ပါဝင်မှု အချိန်မှန်စစ်ဆေးရန်လိုအပ်သည် ။
Gestational Diabetes
ကိုယ်ဝန်ရှိချိန်တွင်၎င်း (သက်လတ်နှင့် သက်ကြီးကိုယ်ဝန်ဆောင်များ) မွေးဖွားသောကလေး ဖွံ့ဖြိုးမှုနှေးခြင်း ဉာဏ်ရည်နိမ့်ခြင်း များခြင်းဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် ၂% မှ ၁၀% အထိ ဆီးချိုရောဂါ ရှိနိုင်သည်
METFORMIN ဆေးညွှန်း
ဆီးချိုရောဂါ အမျိုးအစား (၂)အတွက် ကနဦးကုထုံး
500 mg orally twice a day or 850 mg orally once a day
လိုအပ်ပါက 500 mg weekly increments or 850 mg every 2 weeks တိုးပေးရမည်။
သတ်မှတ်ချက်အရ Maintenance dose: 2000 mg daily in divided doses
Maximum dose: 2500/2550 mg/day
CDC Website မှ ကူးယူပြီး ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။
Zaw Lin Aung (HA)
Comments
Post a Comment