လူ့သမိုင်းမှာ အသေအပျောက် အများဆုံး ဖြစ်စေခဲ့တဲ့ ရောဂါ ၁၀ ခ

လူ့သမိုင်းမှာ အသေအပျောက် အများဆုံး ဖြစ်စေခဲ့တဲ့ ရောဂါ ၁၀ ခု

လူ့သမိုင်းမှာ အသေအပျောက် အများဆုံး ရောဂါ ၁၀ ခုကို လေ့လာကြရအောင်ပါ။

အမှတ်စဉ် ၁ - စပိန်တုပ်ကွေးရောဂါ

၁၉၁၈ ကနေ ၁၉၁၉ ခုနှစ်အတွင်း တိုတောင်းတဲ့ ကာလလေးမှာပဲ စပိန်တုပ်ကွေးရောဂါကြောင့် လူပေါင်း သန်း ၅၀ ကနေ သန်း ၁၀၀ ထိ သေဆုံးခဲ့ကြရပါတယ်။ ဒါဟာ ပထမ ကမ္ဘာစစ်အတွင်းသေဆုံသူ အရေအတွက်ထက် အများကြီး ပိုပါတယ်။

အမှတ်စဉ် ၂ - ပလိပ်ရောဂါ

တစ်ကမ္ဘာလုံးမှာ ပြန့်ပွားခဲ့တဲ့ အနက်ရောင် သေခြင်းတရား (Black Death) ခေါ်တဲ့ ပလိပ်ရောဂါဟာ  ၁၄ ရာစု အလည်ပိုင်းကာလက  ၅ နှစ်ကြာမျှ ကမ္ဘာပေါ်မှာ ကပ်ရောဂါ အသွင်ကျရာက်ခဲ့ပြီး ဥရောပတလွှား လူ့အသက်ပေါင်း သန်း ၂၀ လောက်ကို ဖျက်ဆီးခဲ့တာပါ။ နောက်ပိုင်းရာစုနှစ်တွေမှာလည်း ပလိပ်ရောဂါဟာ ကမ္ဘာပေါ်မှာ ၇ ကြိမ်ထက်မနည်း ခေါင်းပြန်ထောင်လာခဲ့ပါသေးတယ်။

အမှတ်စဉ် ၃ - ကင်ဆာရောဂါ

မကြာမီကတွေရှိခဲ့တဲ့ သုတေသနတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀ နဲ့ ၂၀၀၀၀၀ ကြား အစောပိုင်းမှာနေထိုင်ခဲ့ကြတဲ့  ကမ္ဘာဦးလူသားရဲ့ နံရိုးမှာလည်း ကင်ဆာရောဂါ  ဖြစ်ခဲ့တဲ့  လက္ခဏာတွေ တွေ့ရှိခဲ့ရပါတယ်။ ယနေ့ကာလတွေမှာတော့ ကင်ဆာရောဂါကြာင့် လူပေါင်း ၇.၆ သန်းခန့် နှစ်စဉ် သေဆုံးနေကြရပါတယ်။

အမှတ်စဉ် ၄ - တိုက်ဖတ်စ်

ဘက်တီးရီးယားပိုးကြောင့် ကူးစက်တဲ့ရာဂါ တစ်မျိုးဖြစ်တဲ့ တိုက်ဖတ်စ် (typhus) ခေါ် ငန်းရောဂါကြောင့် ရုရှား နိုင်ငံ တစ်ခုတည်းမှာတောင် ၁၉၀၀ ပြည့် အစောပိုင်းနှစ်တွေမှာ လူပေါင်း ၃ သန်းလောက် သေဆုံးခဲ့ရြ့ပီးပါပြီ။

အမှတ်စဉ် ၅ - AIDS

AIDS  လို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ၁၉၈၀ ရောက်မှ သိခဲ့ကြတာ ဖြစ်ပါတယ်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ အိပ်ခ်ျအိုင်ဗွီ(HIV) ပိုး ကူးစက်ခံရလို့ ဖြစ်ရတာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် အကုန်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူ ဒါမှ မဟုတ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါခံစားနေရသူ ၃၆.၇ သန်း ခန့်ရှိပါတယ်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် လူပေါင်း ၁.၅ သန်းခန့်  နှစ်စဉ် သေဆုံးနေကြရပါတယ်။

အမှတ်စဉ် ၆ -တီဘီရောဂါ

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်တဲ့ တီဘီရောဂါဟာ လူသတ်သမား တစ်ယောက် ဖြစ်နေတုံးပါပဲ။ ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၁၀.၄ သန်းခန့် တီဘီရောဂါ ခံစားခဲ့ကြရပြီး တီဘီရောဂါကြောင့် (အိပ်ခ်ျအိုင်ဗွီ တီဘီ ကူးစက်မှု  ၀.၄ သန်း အပါအဝင်) လူပေါင်း ၁.၈ သန်းခန့် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

အမှတ်စဉ် ၇ - ငှက်ဖျားရောဂါ

ယနေ့ခေတ်မှာ ခြင်ကြောင့် ကူးစက်တဲ့ ငှက်ဖျားရောဂါကြောင့် ကမ္ဘာတစ်ဝန်း နှစ်တိုင်း လူပေါင်း သန်း ၃၀၀ ကနေ သန်း ၅၀၀ လောက် ရောဂါ ခံစားကြရပါတယ်။ အကြမ်းအားဖြင့် ငှက်ဖျားရောဂါကြောင့် နှစ်စဉ် လူပေါင်း ၁ သန်းခန့် သေဆုံးနေကြရပါတယ်။

အမှတ်စဉ် ၈ - ဝက်သက်ရောဂါ

၉ ရာစုမှာမှ အာရပ် ဆရာဝန်တစ်ဦးက ဝက်သက်ရောဂါကို ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့တာပါ။  ဝက်သက် ကာကွယ်ဆေး ကျယ်ကျယ်ပြန့် ပြန့် မထိုးနိုင်မီ ၁၉၈၀ မတိုင်မီက ကမ္ဘာပေါ်မှာ ဝက်သက်ရာဂါကြောင့် နှစ်စဉ် လူ့အသက်ပေါင်း ၂.၆ သန်း နီးပါး ဆုံးရှုံ့းခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ ဝက်သက်ရောဂါကြောင့် လူပေါင်း ၁၃၄၂၀၀ သေဆုံးကြရပြီး ဒါဟာ နေ့စဉ် သေဆုံးမှု ၃၆၇ ယောက် ဒါမှ မဟုတ် တစ်နာရီ ၁၅ ယောက်နှုန်း သေဆုံးနေတဲ့ သဘောပါ။

အမှတ်စဉ်  ၉ - လေဖြတ်ရောဂါ

လေဖြတ်ခြင်းဟာ ဦးဏှောက်သွေးကြောနဲ့ဆိုင်တဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ တစ်ခုထဲမှာတောင် လေဖြတ်ဖြင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော် နှစ်စဉ် သေဆုံးကြရပါတယ်။

အမှတ်စဉ် ၁၀ - ကျောက်ကြီးရောဂါ

ကူးစက်ရောဂါ တစ်ခု ဖြစ်တဲ့ ကျောက်ကြီးရောဂါဟာ နှစ်ပေါင်း ၁၀၀၀၀ လောက်ကြာအောင် ကမ္ဘာပေါ်မှာ အစုလိုက် အပြုံလိုက် ကူးစက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ ကျောက်ကြီးရောဂါ ကြာင့် လူ့အသက်ပေါင်း သန်းပေါင်းရာချီပြီး ဆုံးရှုံခဲံရပါတယ်။ ယနေ့ခေတ်မှာတော့ ဓာတ်ခွဲခန်းတွေမှာ ထိန်းသိမ်းထားတဲ့ သွေးနမူနာတွေမှ အပ ကျောက်ကြီးရောဂါဟာ ကမ္ဘာပေါ်ကနေ လုံးဝ ကင်းစင်သွားပြီ ဖြစ်ပါတယ်။

Credit YouTube (WHO)
Via; #ZawLinAung


Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

Duty of LHV