Leprosy
အနာကြီးရောဂါဆိုသည်မှာ
ကူးစက်တတ်သော နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး
Mycobacterium leprae ပိုးကြောင့်ဖြစ်ပွားသော ရောဂါဖြစ်သည်။
အနာကြီးရောဂါသည် အဓိကအားဖြင့် အရေပြား နဗ်ကြော အသက်ရှူလမ်းကြောင်း အထက်ပိုင်း နှင့် အာရုံကြောများကို ထိခိုက်ပျက်စီးစေသော ရောဂါဖြစ်သည် ။
WHO ၏ ရောဂါမှတ်တမ်းများအရ ရှေးအကျဆုံးသောရောဂါဟု (600 B.C) ဖေါ်ပြထားသည်
ရောဂါပျိုးချိန်မှာ အလွန်ရှည်ကြာပြီး သုံးနှစ်မှ ငါးနှစ်အထိ ကြာရှည်တတ်သည်။
ရောဂါရှိသောလူမှ အခြားလူသို့ တိုက်ရိုက်ကူးစက်တတ်သည် ။
သို့သော် ရောဂါပိုးရှိသူနှင့် အတူတကွ ထိတွေ့နေမှသာ ကူးစက်တတ်သော်လည်း အနာကြီးရောဂါလက္ခဏာဖြစ်ပွားသူ အနည်းငယ်သာရှိသည်။
အနာကြီးရောဂါသည် ဆေးကုသမှုခံယူခြင်းမရှိသော လူနာများထံမှ အခြားသူများသို့ အသက်ရှူလမ်းကြောင်း အရေပြားတို့မှတစ်ဆင့် ကူးစက်တတ်သည်။
အနာကြီးရောဂါသည် နိုင်ငံအတော်များများတွင် ဖြစ်ပွားသောရောဂါဖြစ်ပွားလေ့ရှိပြီး အဓိကအားဖြင့်(အများအားဖြင့်) အပူပိုင်းဒေသနိုင်ငံများ နှင့် အပူပိုင်းဒေသထိစပ်သော နိုင်ငံများတွင် အဖြစ်များသည်။
(အပူပိုင်းနှင့်ထိစပ်မှုမရှိသော အမေရိကန်တွင် နှစ်စဉ် ပိုးတွေ့လူနာ ထွက်ရှိပါသည်)
@[100009284929181:]
Comments
Post a Comment