Filaria
ဆင်​​ခြေ​ထောက်​​ရောဂါ(Filaria) ဆိုတာက​တော့ ​ရောဂါဖြစ်​ပွားမှု​၏ နောက်​ဆုံးအဆင့်​တွင်​ လူနာ၏ ခြေ​ထောက်​တို့သည်​ ဆင်​​၏ခြေ​ထောက်​ကဲ့သို့​ ပြောင်းလဲသွား​သော​ကြောင့်​ ဆင်​​ခြေ​ထောက်​​ရောဂါဟု​ခေါ်သည်​။
သွေး​ကြောတွင်​​နေ​သော  သန်​​ကောင်​အမျိုးအစား wuchereria bancrofti /  brugia malayi ပိုး​ကြောင့်​​ရောဂါဖြစ်​ပွားသည်​ ။
ရေပုတ်​​ရေသိုးတွင်​​ နေ​သော(​ပေါက်​ဖွား​သော) ညအခါတွင်​ကိုက်​​သောခြင်​​ကြောင့်​ကူးစက်သည်​ ။
ရောဂါပိုးရှိ​သော်​လည်းလက္ခဏာမပြဘဲငုတ်​​နေတတ်သည်​ ။ ရောဂါနုစဉ်​ ချမ်းတုံဖျားခြင်း
ယားယံ၍အင်​ပြင်​ထွက်​ခြင်း
အကျိတ်​များ​ရောင်​ခြင်း
ဝှေး​စေ့များ​အောင့်၍​ရောင်​ခြင်းနာခြင်း
အ​ကြောင်းမဲ့​ခြေလက်​များနီရဲပူ​လောင်​​ရောင်​ရမ်း၍နာခြင်း
ကပ်​ပယ်​အိပ်​ကြီးခြင်း
ဆန်​​ဆေး​ရေကဲ့သို့အဖြူ​ရောင်​ဆီးပြစ်​ပြစ်​သွားခြင်း
ဆီးထဲ​သွေးပါခြင်း
ပန်​နာရင်​ကျပ်​နှင်​အလားတူစွာ​ ချောင်းဆိုးရင်​ကျပ်​ခြင်းတို့ဖြစ်​သည်​။
ခြင်​မ​ပေါက်​ဖွား​အောင်​​တားဆီးရပါမည်​ ။
အ​ကေါင်းဆုံး​နည်းမှာ ဆင်​​ခြေ​ထောက်​​ရောဂါ ကာကွယ်​​ဆေး တိုက်​​ဆေး​ကျွေးခြင်းဖြစ်​သည်​။
၅ နှစ်​​ဆက်တိုက် DEC ​​ဆေးတိုက်​ခြင်းကို ကျန်းမာ​ရေးဌာနများမှ ​ဆောင်​ရွက်​နေပါသည်​ ။
DIETHYLCABAMAZINE + ALBENDAZOLE ​ဆေး ၂ မျိုး​​ပေါင်း တကြိမ်​တည်း​သောက်​ရပါမည်​ ။
မှတ်​ချက်
အသက်​ ၂ နှစ်​​အောက်​ကလေး ကိုယ်​ဝန်​ဆောင်နဲ့​ရောဂါတခုခု​ကြောင့်​အိပ်​ရာထဲလဲ​နေသူနှင့်​​ အခြား​ဆေးများ သောက်​​နေရသူများမှလွဲလို့အားလုံး​သောက်​သင့်​ပါတယ်​ ။
နှစ်​စဉ်​ ဒီဇင်​ဘာလမှာ တိုက်​​ကျွေးခဲ့တာ ယခုနှစ်​တွင်​ ငါးနှစ်​ပြည့်​ (​နောက်​ဆုံးတိုက်​​ကျွေး​သောနှစ်​) ဖြစ်ပြီး ပြင်းထန်​​သော​ ဘေးထွက်​ဆိုးကျိုးမရှိ​သော​ကြောင့်
ယခင်​နှစ်​များက မ​သောက်​ခဲ့ရသူများလည်း ယခုနှစ်​တွင်​ ​ဆေး​သောက်​ရန်​မငြင်းဆန်​ဘဲ​သောက်​သုံးသင့်​​ကြောင်း တိုက်​တွန်းနှိုး​ဆော်​လိုက်​ရပါတယ်​ခင်​ဗျာ။
Zaw Lin Aung
Comments
Popular posts from this blog
ပြောင်းပြန်​စီး​သောမြစ်
Duty of LHV