WHO ရဲ့ ကျန်းမာရေး ရည်မှန်းချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်နိုင်သော သေဆုံးသူအရေအတွက်ကို ၂၀၁၀ မှ ၂၀၂၅ ခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်းလျှော့ချရန် ရည်မှန်းထားသည်။ အကယ်၍ ယင်းကဲ့သို့ လျှော့ချနိုင်ပါက လာမည့် ၁၅ နှစ်အတွင်း လူပေါင်း ၃၇ သန်း၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်သည်။ခုနှစ်တွင် အရွယ်မတိုင်မီ သေဆုံးမှုကို ကာကွယ်ရန် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
-ဆေးလိပ်မသောက်ပါနှင့် ကမ္ဘာတစ်ဝန်း ဆေးလိပ်သောက်ခြင်းကို ၂၀၂၅ ၃၀ရာခိုင်နှုန်း လျှော့ချရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ရည်ရွယ်ထားသည်။ ၀င်ငွေနည်းသော နိုင်ငံများမှ ဒေသခံများ၏ ဆေးလိပ်သောက်နှုန်းမှာ ဆက်လက်မြင့်မားနေဆဲဖြစ်သော်လည်း အများပြည်သူပိုင် နေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ပြီး ဆေးရွက်ကြီးအခွန်ဥပဒေများ တင်းကျပ်ထားသည့် ၀င်ငွေမြင့်မားသော နိုင်ငံများတွင် ဆေးလိပ်သောက်နှုန်း လျော့ကျသွားသည်။
-အရက်သောက်ခြင်းကို ကန့်သတ်ထိန်းချုပ်ပါ အရက်ကို ခန္ဓာကိုယ်က လက်ခံသင့်ရုံပမာဏသာ သောက်သုံးမှုမှာ ကျန်းမာရေးအကျိုးကျေးဇူးအချို့နှင့် ဆက်စပ်မှုရှိသော်လည်း အရက်အလွန်အကျွံသောက်သုံးခြင်းမှာ သွေးတိုးစေသည့်အပြင် ကင်ဆာရောဂါနှင့် အသည်းရောဂါများဖြစ်နိုင်သည့် အန္တရာယ်ပိုများလာစေသည်။ အရက်အလွန်အကျွံ သောက်သုံးခြင်း၏ အန္တရာယ်များကို လူအများအား သင်ကြားပို့ချပေးခြင်းနှင့် အရက်ထုတ်ကုန်များအပေါ် အခွန်ငွေ ဥပဒေတင်းကျပ်ခြင်းများက အရက်အလွန်အကျွံသောက်သုံးမှုကို တား ဆီးရာတွင် အောင်မြင်မှုအချို့ရှိကြောင်း တွေ့ရသည်။
-ဆားစားသုံးမှု လျှော့ချပါ ဆိုဒီယမ်ပါဝင်မှုများသော အစားအစာများမှာ သွေးတိုးစေပြီးနှလုံးရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်စေနိုင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများစွာတွင် လူများမှာ ၎င်းတို့ခန္ဓာကိုယ်မှ လိုအပ်သော ဆားပမာဏကို အကြိမ် များစွာ စားသုံးတတ်ကြသည်။ အမေရိကန်လူမျိုးများ၏ ပျမ်းမျှဆား စားသုံးမှုမှာ ကျန်းမာရေးကျွမ်းကျင်သူများ လက်ခံနိုင်သော ပမာဏထက် နေ့စဉ်နေ့တိုင်း ၈၀၀ မီလီဂရမ်ပိုမိုစားသုံးကြသည်။ ဆား စားသုံးလိုမှုကို ဖြေဖျောက်ရန် သံပုရာသီးတွင် ပါဝင်သော ဆစ်ထရစ်အက်ဆစ်ကဲ့သို့ အခြားသော နည်းလမ်းများဖြင့် ဖြေဖျောက်ပေးခြင်းဖြင့် ဆားစားသုံးမှုကို လျှော့ချနိုင်သည်။ ဆားစားသုံးမှုကို ခန္ဓာကိုယ်က လိုအပ်သော ပမာဏသို့ လျှော့ချခြင်းမရှိပါက သွေးတိုးရောဂါရနိုင်ပြီး သွေးတိုးခြင်းကြောင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါများကို ဖြစ်လာစေသည်။ ဆီးချိုရောဂါကို ကာကွယ်ပါဆီးချိုရောဂါကြောင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အခြား အသက်တိုစေနိုင်သော ရောဂါများ၏ အန္တရာယ်ကို ပိုများလာစေသည်။ သကြားပါဝင်မှုနည်းသော ကျန်းမာရေးဓာတ်စာများ စားသုံးပြီး သွေးထဲ သကြားပါဝင်မှုအဆင့်ကို ထိန်းသိမ်းရာတွင်ကုသမှုကဲ့သို့ အစွမ်းထက်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်သည်။ ကိုယ်အလေးချိန်လွန်ကဲနေခြင်းကို လျှော့ချပစ်ပါကိုယ်အလေးချိန် လွန်ကဲခြင်းမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့ကဲ့သို့ ပြင်းထန်သော ရောဂါများကို ဖြစ်လာစေသည်။ ကယ်လိုရီများသော အမြန်ပြင်အစားအစာများ စားသုံးခြင်းကို ရှောင် ကာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ စားပေးပါ။
Credit
Comments
Post a Comment