သွေးလွန်​တုပ်​​ကွေး​ရောဂါ

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကိုက်ခံရတာကနေ ကူးစက်​ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီး
သွေးလွန်တုပ်ကွေး
ပိုး (၄) မျိုးထဲက
တစ်မျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်
ကလေးငယ်တွေမှာပဲ
ဖြစ်တတ်တာ မဟုတ်ပဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် သွေးလွန်တုပ်ကွေးပိုး
တစ်မျိုးရှိနေတုန်း နောက်တစ်မျိုးပါ ကူးစက်ခံရတာမျိုးလည်း ရှိနိုင်သလို ပိုးနှစ်မျိုးရောပြီးဖြစ်ရင် ပိုပြီးအန္တရာယ်များပါတယ် အရွယ်ရောက်ပြီး
ခြင်မတွေသာ
ရောဂါပိုးကို သယ်ဆောင်ကြပြီး နေ့ခင်းဘက်မှာသာ
ကိုက်တတ်ကြ ပါတယ်
သွေးလွန်တုပ်ကွေး
ရောဂါရဲ့လက္ခဏာတွေကတော့ ပိုးရှိတဲ့ခြင် အကိုက်ခံရပြီး ၄-၆ ရက်ကြာတဲ့အခါ ရောဂါလက္ခဏာ စတင်ပေါ်ပေါက်ပြီး ၁၀ ရက်အထိကြာမြင့် တတ်ပါတယ် ကိုယ်ပူချိန် ၁၀၅-၁၀၆ ဖြစ်တဲ့အထိ အပြင်းဖျားမယ်
ခေါင်းအပြင်း အထန်ကိုက်မယ် မျက်လုံးတွေ အောင့်မယ် အရိုးအဆစ်တွေ ကြွက်သားတွေ နာမယ်
သွေးလွန်တုပ်ကွေးကို
ကုသရန် ဆေးတိတိကျကျမရှိပါ သွေးလွန်တုပ်ကွေးဖြစ်တယ်လို့ သံသယရှိပါက 
ဆေးရုံ / ဆေးခန်းကိုသွားပြီး အစစ်ဆေးခံသင့်ပါတယ် ဗိုက်နာပြီးဆက်တိုက်အန် ဖျားနေတုန်းချွေးပြန်ပြီး တစ်ကိုယ်လုံး ပျော့ခွေသွားမယ်ဆိုရင် အလွန်စိုးရိမ်ရပြီဖြစ်ပါတယ်
aspirin ပါတဲ့ဆေးကိုတော့ သွေးထွက်လွန်တတ်လို့ ရှောင်ရှားသင့်ပါတယ်
သွေးလွန်တုပ်ကွေးကို ကာကွယ်ရန်ဆေးမရှိပါ
ဒါ့ကြောင့် ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ဖို့
ခြင်ဆေးလိမ်းခြင်း
ခြင်ဆေးဖျန်းခြင်း ခြင်ထောင်နဲ့အိပ်ခြင်း
ကာကွယ်နည်းတွေအပြင် အိမ်ပတ်ဝန်းကျင်မှာ
ရေတင်နေတဲ့ ခွက်တွေပုံးတွေ တာယာတွေမရှိအောင် ရှင်းလင်းရမှာဖြစ်ပါတယ်
သွေးလွန် တုပ်ကွေး
ကင်းဝေးစေဖို့
ဖုံး၊သွန်၊လဲ၊စစ်
နည်းလမ်းဖြင့် သတိရှိရှိကာကွယ်နေထိုင်ကြဖို့ သတိပေးလိုက်ရပါတယ်


Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

Duty of LHV