ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်
အပူကြောင့် လူများဆေးရုံ ရောက်ရှိမှု၊ သေဆုံးမှုများ ဖြစ်ပွားနေသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အသွားအလာ ဆင်ခြင်ခြင်း၊ နေ့ခင်းအချိန်တွင် အရက်သောက်ရန် ရှောင်ကြဉ်ရန်၊ ချွေးထွက် လွန်ပါက ကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆား ဆုံးရှုံးမှုကို ပြန်လည် ဖြည့်တင်းနိုင်ရေး ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန် တက်ပါက ရေအေးဖတ် နိုင်နိုင်တိုက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေနှင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက် ကောင်းသော နေရာမျိုးတွင် နားနေခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်လျှင် ဆေးရုံ အရောက်နောက်ကျပါက အသက်ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံး သွားရောက်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အပူဒဏ် ကာကွယ်ရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာထားသည်
Comments
Post a Comment