အသက် (၆)လမှာ Rota vaccine တိုက်သင့်သလား ?

(အောက်မှာ‌ရေးထားတာကို ဖတ်ကြည့်ပေးပါ)

ရှိတာဗိုင်းရပ်(စ်)ကာကွယ်ဆေး
တိုက်ကျွေးမည့်အစီအစဉ်နှင့် အသက်အရွယ်သတ်မှတ်ချက်

ရှိတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ကာကွယ်ဆေးထိုး အစီအစဉ်တွင်(၂၀၂၀) ခုနှစ်၊ ဖေဖေါ်ဝါရီလမှ စတင်ထည့် သွင်းမည်ဖြစ်ပြီး ရိုတာရစ်(Rotorix®) ကာကွယ်ဆေး အပြည့်အဝရရှိရန် နှစ်ကြိမ်တိုက်ကျွေးရန်လိုပါသည်။ ကလေးအသက် အသက်(၂)လနှင့် (၄)လတွင်ငါးမျိုးစပ်
ကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ်ဆေး၊ ပိုလီယို inactivated Polio vaccine(IPV) ပထမအကြိမ်၊ ဒုတိယအကြိမ်တို့နှင့်အတူ တိုက်ကျွေးပေး ပါမည်။

ဆေးတစ်ကြိမ်နှင့် တစ်ကြိမ်အကြား အနည်းဆုံးကွာခြားချိန် (၄)ပတ်ခြားကာ နှစ်ကြိမ်တိုက်ကျွေးပေးပါမည်။ အစောဆုံးအနေဖြင့် (၆)ပတ်နှင့် နောက်အကျဆုံး အနေ ဖြင့် (၆)လတွင် တိုက်ကျွေးသင့်ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိစာရင်းဇယားများအရ အသက်(၆)လကျော်လျှင် အူစွတ်ဝင်မှုနှုန်း မြင့်မားသောကြောင့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးတိုက်ပြီးချိန်နှင့် မတိုက်ဆိုင်စေရန် အသက် (၂)လမှ (၄)လအတွင်း ပြီးမြောက်အောင် တိုက်ကျွေးသင့် ပါသည်။

ရိုတာဗိုင်းရပ်(စ်)ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသော အသက်အရွယ်အတိုင်းအတာအရ ကာကွယ်ဆေးကို
အသက်(၂) နှစ်ကျော်ကလေးများကို
ကာကွယ်ဆေးတိုက်သောအခါ အဆိုပါ အသက်အုပ်စုရှိကလေးမှာ ရိုတာရောဂါကူးစက်ခံ ရပြီးဖြစ်နေ၍ ကာကွယ်ဆေးအာနိသင်မရှိနိုင်တော့ပါ။

လုပ်ငန်းလမ်းညွှန်စာအုပ်မှ

Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

အကြီးဆုံး သဲကန္တာရ