အရန်သားဖွားဆရာမများနှင့် အရပ်လက်သည်များအတွက် ဆောင်ရန်နှင့် ရှောင်ရန်များ

*ဆောင်ရန်များ

၁။ မိခင်/ကလေး ကျန်းမာရေးနှင့် ပတ်သက်၍ မှန်ကန်သော ကျန်းမာရေးဗဟုသုတ သတင်းအချက်အလက်များ ရှိရမည်။
၂။ မိမိရပ်ရွာအတွင်းရှိ ကိုယ်၀န်ဆောင် အမျိုးသမီးများ မိခင်များနှင့် အသက် (၅)နှစ်အောက်ကလေး ဦးရေကို မှတ်တမ်းထားရှိရမည်။
၃။ မိမိစောင့်ရှောက်ပေးနေသော ရပ်ကွက်ကျေးရွာအတွင်းရှိ ကိုယ်၀န်ဆောင်များ၊ မိခင်များနှင့် ကလေးများ၏ ကြုံတွေ့နေရသော ကျန်းမာရေးပြသနာများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို လေ့လာသိရှိ စုဆောင်းထားရန်။
၄။ ပြည်သူလူထုထံ သင့်လျှော်သော ကျန်းမာရေးသတင်းအချက်အလက်များကို အခါအားလျှော်စွာ ဖြန့်ဖြူးပေးရန်။
၅။ မိမိတို့ ရပ်ကွက်/ကျေးရွာ၏ တာ၀န်ကျ အခြေခံကျန်းမာရေး၀န်ထမ်းများနှင့် အမြဲထိတွေ့ ဆက်သွယ်ဆောင်ရွက်ရန်။ ကိုယ်၀န်ဆောင်မိခင်များအနေဖြင့် ကျွမ်းကျင်သော မွေးဖွားသူများ (ဥပမာ - သားဖွားဆရာမများ)ထံမှ ကိုယ်၀န်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် ပွေးဖွားပြီး စောင့်ရှောက်မှုကို ခံယူရန် ဆက်သွယ်ဆောင်ရွက်ပေးရမည်။ အခက်အခဲရှိပါက ကျွမ်းကျင်သူထံမှ အကြံဥာဏ်များ ရယူနိုင်မည်။
၆။ မိခင်နှင့် ကလေးတို့၏ ကျန်းမာရေးအဆင့်အတန်းများ မြင့်မားလာစေရန်အတွက် လိုအပ်သော အထောက်အကူပြု လုပ်ငန်းများအားလုံးကို ကျေးရွာလူထုနှင့် ပူးပေါင်းလက်တွဲ အကောင်အထည်ဖေါ်လုပ်ဆောင်ရန်။
ဥပမာ - အန္တရာယ်ရှိသော ကိုယ်၀န်ဆောင်မိခင်များကို အဆင့်မြင့် ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်း။
၇။ မိမိတို့၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားရှိရန်နှင့် တစ်လတစ်ကြိမ် ပုံမှန်သတင်းပို့ရန်။

*ရှောင်ရန်များ

၁။ မိမိ၏ အပြောအဆို အနေအထိုင် အပြောအဆိုကြောင့် ကိုယ်၀န်ဆောင် မိခင်လောင်းများ၊ မိခင်များနှင့် ကလေးများအား အနှောက်အယှက်မဖြစ်စေရန် ဂရုပြုရပါမည်။
၂။ ဆေးထိုးခြင်းကို လုံး၀ (လုံး၀) မပြုလုပ်ရပါ။
၃။ မိမိစောင့်ရှောက်မှုပေးနေသော မိခင်နှင့် ကလေးတို့၏ (အခြားသူ မသိစေလိုသော) ကိုယ်ရေးကိုယ်တာ ကိစ္စများကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖွင့်စပြောဆိုခြင်းမပြုရ။
၄။ ပါတီ နိုင်ငံရေး ကင်းရှင်းရပါမည်။

Comments

Popular posts from this blog

ပြောင်းပြန်​စီး​သောမြစ်

အကြီးဆုံး သဲကန္တာရ